Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ် လွယ်ဂျယ်မြို့တွင် အရက်ဆိုင်တစ်ဆိုင်မှ အရက်သောက်မိသူ ၁၀ဦး သေဆုံးပြီး ၂ဦး ကုသမှုခံယူနေရဟုဆို

ကချင်ပြည်နယ် လွယ်ဂျယ်မြို့အဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် လွယ်ဂျယ်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အရက်ဆိုင်တစ်ဆိုင်၌ ရောင်းချသော အရက်ကို သောက်မိသူ ၁၀ဦးသေဆုံးပြီး ၂ဦး ဆေးကုသမှုခံယူနေရကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက ပြောသည်။

“အဲဒီဆိုင်က အရက် သောက်မိသူတွေက ရုတ်တရက်မျက်စိအမြင်မှုန်ဝါးတာတွေ အသက်ရှုမဝတာတွေဖြစ်ပြီး လွယ်ဂျယ်မြို့က ပြည်သူ့ဆေးရုံဆီရောက်ပြီး သေဆုံးသွားတယ်၊ ၂ယောက်ကတော့ ကုသခံစဉ် သက်သာသွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းများအား ရင်ခွဲရုံသို့ပို့ပြီး မည်သည့်အကြောင်းအရာကြောင့်သေဆုံးရသည်ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။

” အိမ်နားက တစ်ယောက်လည်း အဲဒီဆိုင်မှာသောက်ပြီး သေတယ်ကြားတယ်၊ ဗန်းမော်ဘက်က ယူတဲ့ အိမ်ချက်အရက်သောက်ပြီးဖြစ်ကြတယ်ပြောတယ်”ဟု လွယ်ဂျယ် ဒေသခံတစ်ဦးက ပြောသည်။

အရက်သောက်ပြီးသေဆုံးသူများသည် ဇန်နဝါရီ ၂ရက်တွင် လွယ်ဂျယ်မြို့ရှိ အရက်ဆိုင်၌ အရက်သောက်ပြီး အသက်ရှုမဝဖြစ်ကာ ဆေးရုံသို့ ရောက်ရှိချိန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117