Connect with us

Africa & Middle East

အီရန် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ ရိုဟာနီ ဦးဆောင်နေ

လက်ရှိ အီရန်နိုင်ငံ သမ္မတ ဟာဆန် ရိုဟာနီအား တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ကနဦး မဲရေတွက်မှုများအရ လက်ရှိ သမ္မတ ဟာဆန် ရိုဟာနီ (Hassan Rouhani) က ရှေ့မှ ဦးဆောင်လျက်ရှိကြောင်း အီရန် ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူ တစ်ဦးအား ကိုးကား၍ နိုင်ငံပိုင် IRIB ရုပ်မြင်သံကြားက မေလ ၂၀ ရက်တွင် သတင်းတင်ပြခဲ့သည်။

မေလ ၁၉ ရက်က ပြုလုပ်ခဲ့သည့် သမ္မတ ရွေးကောက်ပွဲ၌ အီရန်နိုင်ငံသား မဲဆန္ဒရှင် သန်း ၄၀ ကျော်က မဲပေးခဲ့ကြကြောင်း အီရန် ရွေးကောက်ပွဲ ဗျူရို အကြီးအကဲ အလီအက်စ်ဟာအာမတ်ဒီ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။

ဆန္ဒမဲပေါင်း ၂၅,၁၈၂,၃၁၀ အား ရေတွက်ခဲ့ရာ ရိုဟာနီက ၁၄,၆၁၉,၈၄၈ မဲ သိမ်းပိုက်ရရှိခဲ့သည်။ ၎င်း၏ အဓိက ပြိုင်ဘက်ဖြစ်သော အီဘရာဟင် ရိုင်စီက ဆန္ဒမဲ ၁၀,၁၂၅,၈၅၅ ရရှိခဲ့ကြောင်း အာမတ်ဒီက ပြောသည်။

အီရန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲသို့ ကိုယ်စားလှယ်လောင်း လေးဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရိုဟာနီနှင့် ရိုင်စီတို့က အဓိက ပြိုင်ဘက်များ ဖြစ်ကြသည်။

ဆန္ဒမဲ ၅၀ ရာခိုင်နှုန်းကျော် ရရှိသည့် ကိုယ်စားလှယ်လောင်း မရှိပါက မဲအများဆုံး ရရှိသည့် ကိုယ်စားလှယ်လောင်း နှစ်ဦးက မေလ ၂၆ ရက်တွင် ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117