Connect with us

Africa & Middle East

အီရန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၅၇ရာခိုင်နှုန်းဖြင့် ရိုဟာနီ အနိုင်ရရှိ

အီရန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဟာဆန် ရိုဟာနီ အားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ၏ လက်ရှိ သမ္မတ ဟာဆန် ရိုဟာနီ (Hassan Rouhani) သည် သမ္မတ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ကြောင်း အီရန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Abdolreza Rahmani Fazli က တီဟီရန်မြို့တွင် မေ ၂၀ ရက်က ကြေညာခဲ့သည်။

မေလ ၁၉ ရက်တွင် ပြုလုပ်ခဲ့သော အီရန်နိုင်ငံ သမ္မတရွေးကောက်ပွဲ ၏ စုစုပေါင်း ဆန္ဒမဲပေးမှု ၉၉.၇ ရာခိုင်နှုန်း နှင့် ညီမျှသော ရေတွက်ပြီး ဆန္ဒမဲပေါင်း ၄၁,၂၂၀,၁၃၁ မဲရှိသည့်အနက် ရိုဟာနီက ထောက်ခံမဲအရေအတွက် ၂၃,၅၄၉,၆၁၆ မဲ (သို့) ဆန္ဒမဲစုစုပေါင်း ၏ ၅၇ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း Rahmani Fazli က ပြောကြားခဲ့သည်။

ရိုဟာနီ၏ အဓိက ပြိုင်ဘက် ဖြစ်သူ Ebrahim Raisi က ထောက်ခံမဲ ၁၅,၇၈၆,၄၄၉ မဲ (သို့) ဆန္ဒမဲစုစုပေါင်း ၏ ၃၈.၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။အီရန်နိုင်ငံ၏ ဥပဒေအရ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ရွေးကောက်ပွဲရလဒ်များ နှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက ၃ ရက်အတွင်း အီရန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကြပ်ရေးကောင်စီသို့ တင်ပြနိုင်ကြောင်း Fazli ကပြောကြားခဲ့သည်။ယခုကျင်းပခဲ့သည့် သမ္မတ ရွေးကောက်ပွဲတွင် အီရန်နိုင်ငံသား ၅၆သန်း ခန့် ဆန္ဒမဲပေးခွင့်ရခဲ့ပြီး ဆန္ဒမဲပေးနိုင်ရန် နိုင်ငံတစ်လျှောက် မဲပုံးပေါင်း ၆၀,၀၀၀ ကျော် ပြင်ဆင်ထားခဲ့ကြောင်း သိရသည်။ (Xinhua)