Connect with us

Africa & Middle East

တွန်ဂါ နိုင်ငံ အနီးတွင် ပြင်းအား ၆.၂ အဆင့်ရှိသည့် ငလျင် တစ်ခု လှုပ်ခတ်

ငလျင်ဖြစ်ပွား ခဲ့သည့် တွန်ဂါ နိုင်ငံ အနီး ပင်လယ်ပြင်အား google map တွင် တွေ့ရစဉ်(ဓာတ်ပုံ-google map)

ဆုဗာ ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေး ဌာန ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၂၆ ရက်နေ့ က တောင်ပစိဖိတ် ရှိ တွန်ဂါ နိုင်ငံ အနီးတွင် ပြင်းအား ၆.၂ အဆင့်ရှိသည့် ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိခဲ့ရပြီး လက်ရှိချိန်တွင် ထိခိုက်သေဆုံးမှု နှင့် ဆုံးရှုံးမှု အခြေအနေကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အမေရိကန် နိုင်ငံ ဘူမိဗေဒ တိုင်းတာရေး ဌာန ၏ ထုတ်ပြန်ချက်တွင် ယခု ဖြစ်ပွား ခဲ့သည့် ငလျင်သည် ဒေသစံတော်ချိန် ၂၆ ရက်နေ့ နံနက် ၆ နာရီ ၄၂ မိနစ် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ငလျင်ဗဟို သည် တွန်ဂါ နိုင်ငံ မြို့တော် Nukuʻalofa ၏ အနောက်မြောက်ဘက် ကီလိုမီတာ ၂၀၉.၆ အကွာ တွင်လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး မြေအောက် အနက် ၃၈.၃ ကီလိုမီတာ တွင် ဗဟိုပြုခဲ့ကြောင်း သိရသည်။ပစိဖိတ် ဆိုနာမီ သတိပေး စင်တာ မှ ယခု ဖြစ်ပွား ခဲ့သည့် ငလျင်ကြောင့် ဆိုနာမီ သတိပေး ကြေညာချက် ထုတ်ပြန် ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။တွန်ဂါ နိုင်ငံ သည် ပစိဖိတ် သမုဒ္ဒရာ ၏ မီးတောင် ထူထပ်ရာ ဒေသ တွင် တည်ရှိပြီး မြေလွှာကြော ထိတိုက်မှု ကြောင့် မကြာခဏ ငလျင်ဖြစ်ပွား လေ့ရှိသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117