Connect with us

Local

သီလဝါ အထူးစီးပွားရေး ဇုန်၌ ဆိပ်ကမ်းတံတား ၂၇ စင်းကို သုံးနှစ်အတွင်း အပြီးတည် ဆောက်မည်

သီလ၀ါဆိပ်ကမ်းအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန် ဇူလိုင် ၉ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုန်တင်၊ ကုန်ချဆိပ်ကမ်း တံတား ၂၇ စင်းကို ယခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ် ဆောက်လုပ်ရန် ခန့်မှန်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။

ယင်း အသစ်တည်ဆောက်မည့် ဆိပ်ကမ်းတံတားများတွင် ကုန်သေတ္တာ၊ စိုက်ပျိုးရေး ထွက်ကုန်၊ ဆီအစရှိသည့် သီး သန့် ပစ္စည်းများကို သယ်ယူပို့ဆောင်ရာ၌ အသုံးပြုမည့် တံတားနှင့် ဘက်စုံသုံးတံတားဟူ၍ သတ်မှတ်ထားပြီး ၂ဝ၁၈ ခုနှစ်တွင် ငါးစင်းခန့်ပြီးစီးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

သီလဝါ ဆိပ်ကမ်းများသည် ကုန်တင်သင်္ဘောများ ဆိုက်ကပ်ရာတွင် ရေစူး ကိုးမီတာ၊ သင်္ဘောအရှည် ၂ဝဝ နှင့်တန်ချိန်နှစ်သောင်း လက်ခံနိုင်ကာ ရန်ကုန်မြို့အတွင်းရှိ ဆိပ်ကမ်းများသည် ရေစူး ကိုးမီတာ၊ သင်္ဘောအရှည် ၁၆၇ မီတာနှင့် တန်ချိန် တစ်သောင်းခွဲလက်ခံနိုင်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117