Connect with us

Videos

တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ သုံးနှစ်အတွင်း ပထမဆုံးနိုင်ငံတကာပင်လယ်ကူးသင်္ဘောအား ကြိုဆို

ထျန်းကျင်း၊ ဇူလိုင် ၁၂ရက် (ဆင်ဟွာ)

လိုက်ဘေးရီးယားနိုင်ငံ၌ မှတ်ပုံတင်ထားသော အပျော်စီးသင်္ဘောတစ်စီးသည် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ဆိပ်ကမ်းတွင် ဇူလိုင် ၈ ရက်က ဆိုက်ကပ်လာခဲ့ရာ ထျန်းကျင်းဆိပ်ကမ်းအနေဖြင့် လွန်ခဲ့သောသုံးနှစ်အတွင်း ပထမဆုံး နိုင်ငံတကာ အပျော်စီးသင်္ဘောအား လက်ခံကြိုဆိုခဲ့ခြင်းဖြစ်သည်။အိပ်မက်ဟု အမည်ပေးထားသော အပျော်စီးသင်္ဘောသည် ၂၆၁ မီတာရှည်လျားပြီး အကျယ် ၄၀ မီတာ ရှိကာ စုစုပေါင်း တန်ချိန် ၇၇,၅၀၀ ရှိသည်။ သင်္ဘောတွင် အခန်း ၁,၀၀၀ ကျော် ရှိပြီး ခရီးသည် ၂,၀၀၀ ကျော် လိုက်ပါနိုင်ကြောင်း သိရသည်။

သင်္ဘောကြီး ကောင်းမွန်စွာဆိုက်ကပ်ရပ်နားနိုင်ရန်၊ တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသင်္ဘောသားဝန်ထမ်း ၆၀ ကျော်အတွက် ဆိပ်ကမ်းသို့ ဝင်ရောက်နိုင်ရေးအတွက် အွန်လိုင်း ဆောင်ရွက်မှုများအားလုံးကို ဒေသခံအာဏာပိုင်များက ကူညီဆောင်ရွက်ပေးခဲ့သည်။

ထျန်းကျင်းမြို့သည် တရုတ်နိုင်ငံ မြောက်ပိုင်းရှိ အပျော်စီးပင်လယ်ကူးသင်္ဘော အချက်အချာနေရာတစ်ခု ဖြစ်သည်။ လိုက်ဘေးရီးယား အပျော်စီးသင်္ဘော လာရောက်ဆိုက်ကပ်ခြင်းသည် ယင်းမြို့၏ အပျော်စီးပင်လယ်ကူးသင်္ဘော ခရီးသွားလုပ်ငန်းကဏ္ဍ၏ ကိုဗစ်ကာလအလွန် အထိမ်းအမှတ်တစ်ခုလည်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)

Tianjin welcomes first int’l cruise ship in 3 years

TIANJIN, July 10 (Xinhua) — A cruise ship registered in Liberia docked at a port in North China’s Tianjin Municipality on Saturday, becoming the first international cruise ship received by the Tianjin port over the past three years.
The cruise ship, Dream, is 261 meters long and 40 meters wide, and has a gross tonnage of 77,500 tonnes. It can accommodate over 2,000 passengers with more than 1,000 cabins.
To ensure the efficient berthing of the ship, local authorities helped more than 60 Chinese and foreign crew members fulfill all the formalities online for entering the port.
Tianjin has long been a cruise ship hub in north China. The coming of the Liberian cruise ship marked the post-COVID recovery of the city’s cruise tourism sector.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.