Connect with us

Politics, Law & Military

သမ္မတ ရှီကျင့်ဖိန်က ပါတီအပေါ် သစ္စာရှိရန် နှင့် ပြည်သူများအတွက် တာဝန်ထမ်းဆောင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အား အမိန့်ပေး

နှစ် (၉၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

မွန်ဂိုလီးယား၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ၏ ခေါင်းဆောင်မှုအား အကြွင်းမဲ့ လိုက်နာရမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်က အမိန့်ပေးညွှန်ကြားခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ဖြစ်သည့် ရှီ က တရုတ်နိုင်ငံမြောက်ဘက် မွန်ဂိုလီးယားအတွင်းပိုင်း အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Zhurihe စစ်တပ်လေ့ကျင့်ရေးအခြေစိုက်စခန်းတွင် ပြုလုပ်သော နှစ် (၉၀) ပြည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား သုံးသပ်ခဲ့ပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှီက “အရာရှိ နှင့် စစ်သားတို့၊ တပ်မတော်အပေါ် ပါတီရဲ့ အကြွင်းမဲ့ ဦးဆောင်မှု စနစ်နဲ့ အခြေခံကျတဲ့ မူဝါဒတွေကို မသွေမတိမ်းလိုက်နာကြရမယ်။ ပါတီရဲ့ အမိန့်တွေကို အမြဲတမ်းနားထောင်လိုက်နာပြီး ပါတီရဲ့ဦးတည်ချက်တွေနဲ့ အမြဲတစေကိုက်ညီအောင် ဆောင်ရွက်ရမယ်” ဟု ပြောကြားခဲ့သည်။PLA အရာရှိများ နှင့် စစ်သားများသည် ပြည်သူ့တာဝန်ကို စိတ်ရောကိုယ်ပါ ထမ်းဆောင်ခြင်း၏ အခြေခံကျသော ပန်းတိုင်ကို ခိုင်မြဲစွာ လိုက်နာကြရမည်ဖြစ်ပြီး ပြည်သူများနှင့် အမြဲတမ်း အတူတကွ ရပ်တည်ကြရမည်ဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117