Connect with us

Africa & Middle East

ယီမင်နိုင်ငံ မြို့တော်ရှိ ဟိုတယ်တစ်ခုအား ဆော်ဒီ လေကြောင်းတိုက်ခိုက်၊ အနည်းဆုံး လူ ၃၅ ဦး သေဆုံး

ယီမင်နိုင်ငံ မြို့တော် ဆန်နားမြို့တွင် ဆော်ဒီ ဦးဆောင်သော မဟာမိတ်ညွန့်ပေါင်း စစ်လေယာဉ်မှ လေကြောင်းတိုက်ခိုက်မှု တစ်ခုပြုလုပ်ခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်နား၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြို့တော် ဆန်နား မြောက်ပိုင်းရှိ ဟိုတယ် တစ်ခုအား သြဂုတ်လ ၂၃ ရက် နံနက်အစောပိုင်းက ဆော်ဒီ ဦးဆောင်သော မဟာမိတ်ညွန့်ပေါင်း စစ်လေယာဉ်များ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးအရာရှိ တစ်ဦးနှင့် ဆရာဝန်များက ပြောကြားခဲ့သည်။

အဆိုပါ ဟိုတယ်သည် ဆန်နားမြို့ မြောက်ဘက် Arhab ခရိုင် Bait al- Edhari ဒေသ၌ တည်ရှိကြောင်း အထက်ပါ အရာရှိက ဆိုသည်။ ကယ်ဆယ်ရေးသမားများနှင့် ဆရာဝန်များက သေဆုံးသူ ၃၅ ဦး၏ ရုပ်အလောင်းများအား အပျက်အစီးများကြားမှ ဆွဲထုတ်နိုင်ခဲ့ပြီး အခြား အသက်ရှင်ကျန်ရစ်နိုင်မည့်သူများအား ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

သေဆုံးသူ အားလုံးမှာ အမျိုးသားများဖြစ်ကြောင်း ဆရာဝန်များ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117