Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ICFGEOကော်မရှင်နာ Dr. Ju-Ho တို့ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကော်မရှင်နာ Dr. Ju-Ho Leeတို့တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် International Commission on Financing Global Education Opportunity မှ ကော်မရှင်နာ Dr. Ju-Ho Leeတို့တွေ့ဆုံပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံ၏ ပညာရေးစနစ်အခြေအနေအားလည်းကောင်း၊ အခြေခံပညာဆရာ/ဆရာမအား အရည်အချင်းမြှင့်တင်ရေး ဆိုင်ရာကိစ္စရပ် များအားလည်းကောင်း၊ International Commission on Financing Global Education Opportunity အနေဖြင့် အကူအညီပေးနိုင်မည့် ကိစ္စရပ်များအားလည်းကောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် International Commission on Financing Global Education Opportunity မှ ကော်မရှင်နာ Dr. Ju-Ho Lee နှင့်အဖွဲ့အား ယနေ့ သြဂုတ် ၂၈ ရက်နေ့ နံနက် ၁၀နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117