Connect with us

Asia

ဘန်ကောက် ဗုံးပေါက်ကွဲမှုတွင် သံသယရှိသူ သုံးဦးအား မလေးရှားရဲများ ဖမ်းဆီးထား

ထိုင်းနိုင်ငံ လေးမျက်နှာဘုရားဝန်းတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာနေရာအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ဘန်ကောက် ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်မှုရှိသော သံသယရှိသူ သုံးဦးအား မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း မလေးရှားနိုင်ငံ ရဲချုပ် ခါလစ် အဘူ ကတနင်္လာနေ့က ပြောကြားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ထိုင်းအာဏာပိုင်များ၏ သတင်းပေးမှုအရ သံသယရှိသူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးပြီး ထိန်းသိမ်းထားခဲ့ကြောင်း သူကပြောသည်။

သံသယရှိသူ အမျိုးသားတစ်ဦးမှာ ပါကစ္စတန် လူမျိုးဖြစ်ပြီး ကျန်နှစ်ဦးမှာ မလေးရှား လူမျိုးများ ဖြစ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှု၏ အဓိက သံသယရှိသူသည် မလေးရှားနိုင်ငံတွင် လက်ရှိ အချိန်၌ ရှိနေသလား ဆိုတာကိုတော့ ရဲအရာရှိများက အသေအချာ မသိနိုင်သေးကြောင်း ခါလစ်က ဆိုပါသည်။
ရဲချုပ်၏ အဆိုအရ ထိန်းသိမ်းထားသော သံသယ ရှိသူများကိုတော့ ထိုင်းရဲတပ်ဖွဲ့ ထံသို့ လတ်တလော လွဲအပ်ရန် မရှိသေးကြောင်း ပြောပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု တရားခံ ရှာဖွေ ဖမ်းဆီးခြင်း လုပ်ငန်းကို မလေးရှားရဲတပ်ဖွဲ့နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။ပြီးခဲ့သောလက ထိုင်းနိုင်ငံ လေးမျက်နှာဘုရားဝန်းတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၂၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117