Connect with us

Politics, Law & Military

ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ထွက်ခွာ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့အား ရန်ကုန် လေဆိပ်၌ တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကျင်းပမည့် (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အထွေထွေ မူဝါဒ ရေးရာ ဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ရန် စက်တင်ဘာ ၁၆ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို ့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။

ဒုတိယသမ္မတနှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန် ရှိသူများ လိုက်ပါ သွားကြကြောင်း သိရသည်။ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117