Connect with us

North America

အမေရိကန် နိုင်ငံ ဗဟိုဘဏ်မှ စက်တင်ဘာလ အတွင်း အတိုးနှုန်း တိုးမြှင့် ဆောင်ရွက်မှုကို ယာယီ ရွေ့ဆိုင်း လိုက်ကြောင်း ယနေ့ ထုတ်ပြန်

အမေရိကန် နိုင်ငံ Federal Reserve System ကော်မတီ ဥက္ကဌ Janet Louise Yellen မှ အတိုးနှုန်း တိုးမြင့် ဆောင်ရွက်မှု ကို ယာယီရွေ့ဆိုင်းခြင်း နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့စီးပွားရေး အားလျော့လာမှုနှင့် အမေရိကန် နိုင်ငံ၏ ငွေကြေးဖောင်းပွမှု ကို အနိမ့်ဆုံး အခြေအနေတွင် ထိန်းသိမ်း ထားနိုင် ခဲ့သဖြင့် အတိုးနှုန်း တိုးမြှင့်ခြင်းကို ယာယီရွေ့ဆိုင်း လိုက်ကြောင်း အမေရိကန် နိုင်ငံ ဗဟိုဘဏ် ၏ Federal Reserve System ကော်မတီ မှ စက်တင်ဘာ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

Federal Reserve System ကော်မတီ မှ စက်တင်ဘာ ၁၇ ရက်နေ့တွင် ငွေကြေးမူဝါဒ ဆိုင်ရာ ပုံမှန် အစည်းအဝေး ပြုလုပ်ပြီးနောက် အမေရိကန် စီးပွားရေး အခြေအနေသည် ပုံမှန် တိုးတက်မှု ရှိနေပြီး အလုပ် အကိုင် အခွင့်အလမ်း မှာလည်း ပုံမှန် တိုးတက်နေကြောင်း ၊ လက်တလော ကာလ တွင် ကမ္ဘာ့စီးပွာရေး နှင့် ငွေကြေးဆိုင်ရာ ကဏ္ဍ အခြေအနေ သည် အတိုင်းအတာ တစ်ခု အထိ စီးပွားရေး လည်ပတ်မှု ကို အတားအဆီး ဖြစ်စေနိုင်ပြီး ကာလတို ငွေကြေးဖောင်းပွမှု အတွက် ဖိအား များဖြစ်ပေါ် စေနိုင်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Federal Reserve System ကော်မတီမှ အမေရိကန်၏ အလုပ်အကိုင် ဈေးကွက်ကို ပိုမို ကောင်းမွန်လာရန် ဆောင်ရွက်ကာ ငွေကြေး ဖောင်ပွမှုအား ၂ ရာခိုင်နှုန်း အတိုင်းအတာ ရောက်ရှိရန် ဆောင်ရွက်မှု အားကောင်းလာချိန်တွင် အတိုးနှုန်း မြှင့်တင်မှု ဆောင်ရွက်ခြင်းသည် ပိုမို သင့်လျော်မည် ဖြစ်ကြောင်း ၊ အမေရိကန် စီးပွားရေး နှင့် အလုပ်အကိုင် ဈေးကွက် သည် တည်ငြိမ်သည့် အခြေအနေ နှင့် နီးစပ်မှု ရှိနေပြီး Federal Reserve System ကော်မတီ မှ ပြည်ပ စီးပွားရေး အခြေအနေ များကိုလည်း အနီးကပ် စောင့်ကြည့်မှု များဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အတိုးနှုန်း မြှင့်တင်မှု ဆောင်ရွက်လိုက်ပါကလည်း ငွေကြေးဆိုင်ရာ မူဝါဒ သည် အချိန်ကာလ အတိုင်းအတာ တစ်ခု အတွင်း ကျယ်ပြန့်သည့် လွတ်လပ်မှု ပေးထားမည် ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံ စီးပွားရေး ပြန်လည်ခိုင်မာ လာခြင်း နှင့် အလုပ်လက်မဲ့ ရာခိုင်နှုန်း လျော့ကျ လာမှုကြောင့် Federal Reserve System ကော်မတီ အနေဖြင့် စက်တင်ဘာ လပိုင်းတွင် အတိုးနှုန်းမြှင့်တင်မှု ဆောင်ရွက်မည်ဟု နိုင်ငံတကာမှ ခန့်မှန်း ခဲ့ကြပြီး လက်တလော ရက်ပိုင်းတွင် အတိုးနှုန်းမြှင့်တင်မှု သည် ယခုနှစ် နှစ်ကုန် သို့မဟုတ် လာမည့် နှစ်ဆန်း ပိုင်းမှ သာ ပြုလုပ်တော့မည် ဟု ခန့်မှန်း ခဲ့ကြသည်။

ကမ္ဘာ့ဘဏ်မှ စက်တင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံ၏ အတိုးနှုန်း မြှင့်တင်မှု ဆောင်ရွက်ခြင်းသည် ဈေးကွက် မတည်ငြိမ်မှု များဖြစ်ပွား စေနိုင်ပြီး အသစ် တည်ထောင် နေသော စီးပွားရေး လုပ်ငန်းများ တွင် အကြီးစား အရင်းအနှီး ငွေကြေး ထုတ်ယူမှု များ ဖြစ်ပွားစေ နိုင်ကြောင်း ထုတ်ပြန် ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117