Connect with us

Europe

ဆင်ဟွာနှင့် Belga သတင်းအေဂျင်စီတို့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် Belga သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Patrick Lacroix တို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ၂၀၂၄ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ဆုံမှုအတွင်း အေဂျင်စီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် ဘယ်လ်ဂျီယံနိုင်ငံ Belga သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Patrick Lacroix နှင့် အေဂျင်စီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ဘရပ်ဆဲလ်မြို့တွင် ဇွန် ၁၈ ရက်က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
“Belga က ဆင်ဟွာရဲ့ အရေးပါတဲ့ မိတ်ဖက်ဖြစ်ပါတယ်” ဟု ဖုက ဆိုသည်။ ယခု MoU လက်မှတ်ရေးထိုးချိန်မှစ၍ ဆင်ဟွာနှင့် Belga တို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာမည်ဖြစ်သလို နှစ်ဖက်ဆက်ဆံရေးမှာလည်း မြင့်မားသောအဆင့်အသစ်သို့ ဆောင်ကြဉ်းပေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ဆင်ဟွာနှင့် Belga သတင်းအေဂျင်စီတို့သည် တရုတ်-ဘယ်လ်ဂျီယံ ချစ်ကြည်ရင်းနှီးမှု ဖော်ဆောင်ရေး၊ ဉာဏ်ရည်တုနှင့် မီဒီယာလွှမ်းခြုံမှုကဏ္ဍ၌ နည်းပညာဖလှယ်မှု မြှင့်တင်ရေး၊ နိုင်ငံတကာလွှမ်းခြုံမှုရှိသော သတင်းထုတ်ကုန်များ ပူးတွဲထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ဖုက ဆိုသည်။
Belga သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Patrick Lacroix ကလည်း ဖု၏ ခရီးစဉ်ကို ကြိုဆိုကြောင်း၊ Belga နှင့် ဆင်ဟွာတို့သည် သမိုင်းကြောင်းရှည်ကြာသည့် ဆက်ဆံရေးရှိသလို ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုအလားအလာကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဤသို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် အေဂျင်စီနှစ်ခုကြား ကူးလူးဆက်ဆံမှု သမိုင်းကို ခိုင်မာစေသည့် အထိမ်းအမှတ်လည်းဖြစ်လာမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Xinhua, Belga ink MoU to boost cooperation
BRUSSELS, June 18 (Xinhua) — President of Xinhua News Agency Fu Hua signed a memorandum of understanding (MoU) with Patrick Lacroix, CEO of Belgium’s Belga News Agency, in Brussels on Tuesday, in a move to deepen cooperation between the two agencies.
“Belga is Xinhua’s important partner,” Fu said. Starting from this MoU, Xinhua and Belga will further deepen practical cooperation and bring bilateral ties to new heights, he added.
Fu voiced his hope that the two news agencies will collaborate to tell compelling stories about the China-Belgium friendship, enhance technical exchanges in artificial intelligence and media convergence, and jointly produce more news products with international influence.
Lacroix welcomed Fu’s visit, saying that Belga and Xinhua share a long history of ties and enjoy broad prospects for cooperation.
The signing of the MoU will leave a strong mark in the history of exchanges between the two agencies, he added.
Photo: President of Xinhua News Agency Fu Hua and Patrick Lacroix, CEO of Belgium’s Belga News Agency, sign a memorandum of understanding (MoU) in a move to deepen cooperation between the two agencies during a meeting in Brussels, Belgium, June 18, 2024. (Xinhua/Zhao Dingzhe)