Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီလုပ်ငန်းက အီဂျစ်နိုင်ငံတွင် ဒေသတွင်း သန့်စင်စွမ်းအင် စင်တာ ကူညီတည်ဆောက်ပေး

အီဂျစ်နိုင်ငံ တောင်ပိုင်း အက်စ်စွမ် ပြည်နယ် Benban နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု ဥယျာဉ်တွင် ဆိုလာြပားများအား သန့်ရှင်းရေးလုပ်နေသည့် အလုပ်သမားတစ်ဦးကို ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အက်စ်စွမ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ အက်စ်စွမ်ပြည်နယ် သဲကန္တရအဓိကနေရာဖြစ်သည့် Benban နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုဥယျာဉ်တွင် အတန်းလိုက် စီရီထားသည့် ဆိုလာပြားများသည် အပြည့်အဝရနေသည့် နေရောင်အရင်းအမြစ်များကို ဒေသခံပြည်သူများ၏ဘဝတွင် မရှိမဖြစ်သော အဖိုးတန် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးလျက်ရှိပေသည်။
Benban နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု ဥယျာဉ်၏ မျက်နှာပြင်ဧရိယာမှာ ၃၇ စတုရန်း ကီလိုမီတာ ကျယ်ပြောပြီး တပ်ဆင်စွမ်းအင်ပမာဏ ၂ ဂစ်ဂါဝပ်ခန့် ထုတ်လုပ်နိုင်သော နေရောင်ခြည်စွမ်းအင်စက်ရုံ ၄၀ ကျော် တည်ဆောက်ရန် ခန့်မှန်းထားရာ လက်ရှိတွင် ဓာတ်အားပေးစက်ရုံ ၃၂ ရုံ တည်ဆောက်ပြီးစီး လည်ပတ်နေပြီ ဖြစ်သည်။

Benban နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု ဥယျာဉ်မှာ အီဂျစ်၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို တိုးမြှင့်ရာတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှု တန်ချိန် ၂ သန်း လျှော့ချနိုင်မည် ဟု ခန့်မှန်းထားကြောင်း အီဂျစ် လျှပ်စစ်ဓါတ်အားနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဝန်ကြီးဌာနက ယခုနှစ် ဧပြီလတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)


…………………….
(Chinese Version)
通讯|烈日下的绿色动力——中企助力埃及打造区域清洁能源中心
新华社照片,阿斯旺(埃及),2024年6月19日
在阿斯旺省沙漠腹地的本班光伏产业园内,一排排光伏面板将充沛的光照资源转化为当地居民生产生活离不开的宝贵电能。本班光伏产业园占地面积37平方公里,规划建设40座太阳能发电厂,总装机容量约2千兆瓦,目前已有32座发电厂建成并投入运营。埃及电力和可再生能源部今年4月发布声明说,本班光伏产业园将帮助埃及增加可再生能源的使用,预计每年可减排200万吨二氧化碳。
新华社发(艾哈迈德·戈马摄)
1. 4月21日,在埃及南部阿斯旺省的本班光伏产业园,工人对光伏组件进行尘土清除工作。