Connect with us

Europe

အီတလီနိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် သင်္ဘောပျက်စီးနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် ၃၄ ဦးအထိ မြင့်တက်လာ

တူနီးရှားနှင့် လစ်ဗျားနိုင်ငံနယ်စပ် ရှိ Ras Ajdir ကမ်းရိုးတန်းတွင် ရွှေ့ပြောင်းနေထိုင်သူအများအပြား မြေထဲပင်လယ်ကမ်းခြေ၌ သောင်တင်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ တောင်ပိုင်း Calabria ဒေသအနီး ပင်လယ်ပြင်တွင် သင်္ဘောပျက်စီးနစ်မြုပ်မှုကြောင့် သေဆုံးသူ အရေအတွက် ၃၄ ဦးအထိ မြင့်တက်လာခဲ့ပြီး အခြားသူ ၆၀ ကျော် ပျောက်ဆုံးနေကြောင်း အီတလီ ကမ်းခြေစောင့်တပ်က ဇွန် ၂၂ ရက်၌ အတည်ပြုခဲ့သည်။

တူရကီနိုင်ငံမှ ထွက်ခွာလာသော ရွှေ့ပြောင်းလှေတစ်စင်းသည် Calabria ဒေသ အရှေ့ဘက် ၂၀၀ ကီလိုမီတာခန့် အကွာ ပင်လယ်ပြင်တွင် ဇွန် ၁၇ ရက် နံနက်အစောပိုင်းက နစ်မြုပ်ခဲ့ပြီး အီတလီနှင့် ဥရောပနယ်စပ်စီမံခန့်ခွဲရေးဌာနတို့က ရေကြောင်း၊ လေကြောင်းများဖြင့် ဖြန့်ကျက်ကယ်ဆယ်ခဲ့ရာ ၎င်းအချိန်၌ လူ ၁၁ ဦး ကယ်ဆယ်နိုင်ခဲ့သည်။

အီတလီ ကမ်းခြေစောင့်တပ်၏ ဇွန် ၂၁ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ယင်းနေ့တွင် အခြားရုပ်အလောင်း ၁၄ လောင်းကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း၊ စုစုပေါင်းရုပ်အလောင်း ၃၄ လောင်းရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ကလေးငယ် ၂၆ ဦးထက်မနည်း အပါအဝင် နောက်ထပ် လူ ၆၆ ဦးကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ပျောက်ဆုံးနေသူများတွင် အာဖဂန်နစ္စတန်မှ မိသားစုအများအပြား ပါဝင်ကြောင်း အသက်ရှင်ကျန်ရစ်သူက ပြောပြခဲ့သည်ဟု နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှ ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………
(Chinese Version)
意大利南部海域沉船事故遇难者增至34人
新华社北京6月22日电 意大利海岸警卫队21日确认,意南部卡拉布里亚大区附近海域沉船事故的遇难者数量增至34人,另有超过60人失踪。
一艘从土耳其出发的移民船17日凌晨在卡拉布里亚大区以东约200公里的海域沉没,意大利方面和欧洲边境管理局投入海空力量救援,当时有11人获救。
意大利海岸警卫队21日在最新声明中说:“今天又发现了14具遗体,迄今共找到34具遗体。”
无国界医生组织本周早些时候说,据幸存者陈述,还有至少66人失踪,其中包括至少26名儿童。失踪人员包括来自阿富汗的多个家庭。
图说:2023年7月26日,在突尼斯与利比亚边境的艾季迪尔角,众多移民滞留在地中海海岸边。新华社发(哈姆扎·图尔基亚摄)