Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ ဟွာဆောင်းမြို့ မီးလောင်မှုတွင် တရုတ်နိုင်ငံသား ၁၇ ဦး သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံဘက်က ကနဦး အတည်ပြု

တောင်ကိုရီးယားနိုင်ငံ၊ ချုံဂီပြည်နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် ဟွာဆောင်းဘက်ထရီစက်ရုံတွင် မတော်တဆမှု ဖြစ်စဉ်ကို သိရှိရန်ရောက်ရှိလာသော တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xing Haiming (ယာဘက်မှ ပထမ) ကို ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွာဆောင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၊ ချုံဂီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Oh Who-seok၊ ဟွာဆောင်း မြို့တော်ဝန် Jeong Myeong-geun နှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဇွန် ၂၄ ရက် ညနှောင်းပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သော ဟွာဆောင်းမြို့ ဘက်ထရီစက်ရုံသို့ ရောက်ရှိလာသော တောင်ကိုရီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xing Haiming ထံ မတော်တဆဖြစ်ပွားခဲ့သော အခြေအနေနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေမှုများအား ရှင်းပြခဲ့သည်။
အဆိုပါ မတော်တဆမှုတွင် လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း၊ ကနဦး ခန့်မှန်းချက်အရ ၎င်းတို့အနက် တရုတ်နိုင်ငံသား ၁၇ ဦး ရှိကြောင်း၊ အရေအတွက် အတိအကျကို ထပ်မံအတည်ပြုရန် လိုအပ်သေးကြောင်း တောင်ကိုရီးယားနိုင်ငံဘက်က ပြောကြားခဲ့သည်။
ဒဏ်ရာအနည်းငယ်ရခဲ့သော တရုတ်နိုင်ငံသား ၁ ဦး အပါအဝင် အခြား ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူအားလုံးကို ကုသပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………
(Chinese Version)
韩方初步确认有17名中国公民在华城火灾中遇难
华城(韩国),2024年6月25日
24日深夜,韩国京畿道行政第二副知事吴厚锡、华城市市长郑明根和消防部门官员等向赶赴华城电池工厂火灾现场的中国驻韩国大使邢海明介绍事故情况和搜救进展。
韩方表示,此次事故已造成22人遇难,初步判断其中有17名中国公民,确切人数还需进一步确认。另有8人受伤,其中1名中国公民轻伤,伤者已全部得到救治。
图说:6月24日,中国驻韩国大使邢海明(右一)在韩国京畿道发生火灾的华城电池工厂了解事故经过。新华社记者 陆睿 摄