Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စားသုံးသူပြည်သူများအတွက် သက်သာသော စျေးနှုန်းများဖြင့် ဆန်ရောင်းချပေးသည့် အစီအစဉ် စတင်

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)တွင် စားသုံးသူပြည်သူများအတွက် သက်သာသော စျေးနှုန်းများဖြင့် ဆန်များ ရောင်းချပေးမည့် အစီအစဉ်ကို ဇွန် ၂၄ ရက်တွင် စတင်ခဲ့ပြီး ပြည်သူများ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၃၅,၀၀၀-၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ၁၁၀,၀၀၀-၁၂၀,၀၀၀ ကျပ်၊ ဧည့်မထ(၁၅%) တစ်အိတ် ၇၂,၀၀၀-၇၅,၀၀၀ ကျပ် ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝယ်ယူသူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်အိတ် ၁ အိတ်နှင့် ဧည့်မထအမျိုးအစား ဆန်အိတ် ၁ အိတ် ဝယ်ယူရရှိမည်ဖြစ်သည်။ လာရောက်ဝယ်ယူပါက အိမ်ထောင်စုစာရင်း မိတ္တူ နှင့် အိမ်ထောင်စု စာရင်းတွင် ပါဝင်သူတစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း တို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။ ပြန်လည်ရောင်းချရန် ကုန်သည်များ၊ လက်လီဆိုင်များကို ရောင်းချပေးမည် မဟုတ်ကြောင်း သိရသည်။ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဝါးတန်းဆိပ်ကမ်းနယ်မြေ၊ လမ်းမတော်မြို့နယ်တွင် ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117