Connect with us

China

တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးရေချိုကန်တွင် တာတမံကျိုးပေါက်မှုကြောင့် ကယ်ဆယ်‌ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် Huarong ခရိုင်ရှိ Dongting ရေကန် တာတမံကျိုးပေါက်မှုကို ပိတ်ဆို့ရန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချန်ရှား၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ နိုင်ငံ၏ ဒုတိယအကြီးဆုံးရေချိုကန်ဖြစ်သော Dongting ရေကန်တွင် ဇူလိုင် ၅ ရက်က တာတမံကျိုးပေါက်မှုဖြစ်ပွားပြီးနောက် မီးသတ်သမားများ၊ ရေကြောင်းကျွမ်းကျင်ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ကယ်ဆယ်ရေးသမား အမြောက်အမြားသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုမှကာကွယ်ရန် အတူလက်တွဲကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟူနန်ပြည်နယ် ယွဲ့ယန်မြို့၊ Huarong ခရိုင်၊ Tuanzhou မြို့နယ်ရှိ Dongting ရေကန်၏ တာတမံသည် ရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၅ ရက်က ညနေ ၅:၄၈ နာရီတွင် ကျိုးပေါက်ခဲ့ကြောင်း၊ ကနဦးက အကျယ်အဝန်း ၁၀ မီတာခန့် ကျိုးပေါက်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုများလာခဲ့ကြောင်း သိရသည်။
ယင်းနေရာမှ ဒေသခံ ၅,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ချက်ချင်းရွှေ့ပြောင်းပေးခဲ့ပြီးနောက် တာတမံကျိုးပေါက်မှု အား ပြန်လည်ပြင်ဆင်ရေးအတွက် အရေးပေါ်ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။ ဇူလိုင် ၇ ရက် မွန်းတည့်ချိန်တွင်မူ တာတမံရှိ ကျိုးပေါက်မှု အကျယ်အဝန်း ၂၂၆ မီတာအနက် ၇၅ မီတာကို ပိတ်ဆို့နိုင်ခဲ့ကြောင်း ယွဲ့ယန် ‌ရေဘေးထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးရုံးချုပ်ထံမှ သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/U0b


……………………………………..
(English Version)
Race against time to combat dike breach in China’s second-largest freshwater lake
CHANGSHA, July 7 (Xinhua) — Thousands of rescuers, including firefighters, hydrologists, volunteers and police, have joined hands to protect people’s lives and property following a dike breach on Friday at Dongting Lake, China’s second-largest freshwater lake in central China’s Hunan Province.
At 5:48 p.m. on Friday, a Dongting Lake dike burst in Tuanzhou Township, Huarong County, administered by the city of Yueyang in Hunan Province, causing flooding in the area. The breach was initially about 10 meters wide but later expanded.
Following the immediate relocation of around 5,000 residents from the affected area, urgent measures have been taken to repair the breach. As of Sunday noon, 75 meters of the 226-meter breach in the dike had been sealed, according to the Yueyang flood control and drought relief headquarters.
Photo 1 – 10: An aerial drone photo shows rescuers working to block the dike breach in the Dongting Lake in Huarong County, central China’s Hunan Province, July 7, 2024. (Xinhua/Chen Sihan)