Connect with us

Social & Culture

အာဆီယံ ပြည်သူ့ဖိုရမ် ၂၀၁၅ ကို မလေးရှားနိုင်ငံတွင် ကျင်းပမည်

မလေးရှားနိုင်ငံရှိ Petronas Twin Towers မြင်ကွင်းပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

အာဆီယံ ပြည်သူ့ဖိုရမ် ၂၀၁၅ ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဧပြီလ ၂၁ ရက်မှ ၂၄ ရက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ဖိုရမ်ကျင်းပရေးကော်မတီက ထုတ်ပြန်သည်။

အာဆီယံ အရပ်ဖက် လူ့အဖွဲ့အစည်းများ ညီလာခံ/ အာဆီယံ လူထုဖိုရမ်ကို တရားဝင်အာဆီယံ ညီလာခံနှင့် အပြိုင် လွတ်လပ်စွာ စီစဉ်ကျင်းပမည်ဖြစ်ပြီး အာဆီယံဒေသရှိ အရပ်ဖက် လူမှုအဖွဲ့အစည်း ရာပေါင်းများစွာ အတူတကွ တွေ့ဆုံစည်း၍ သတ်ဆိုင်ရာ လူထုအသိုင်းအဝိုင်း ရေးရာများကို ကိုယ်စားပြု ဆွေးနွေးတင်ပြ ကြမည်ဖြစ်သည်။

၂၀၁၄ ခုနှစ် မြန်မာ အရပ်ဖက်လူ့အဖွဲ့အစည်းပေါင်း (၇၀) ကျော် ပါဝင်လျှက်ရှိသော အာဆီယံ အရပ်ဖက် လူ့အဖွဲ့အစည်းများ ညီလာခံ/ အာဆီယံ လူထုဖိုရမ်တွင် နိုင်ငံတော် အဆင့်ဆိုင်ရာ ကိစ္စရပ်များအတွက် မူဝါဒ နှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့သည်၊

၂၀၁၃ ခုနှစ် မတ်လတွင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပသည့် အာဆီယံ အရပ်ဖက်လူ့အဖွဲ့အစည်းများ ညီလာခံ/ အာဆီယံ လူထုဖိုရမ်ကို မြန်မာလူထုဖိုရမ်၊ NGO GG၊ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာ) တို့ တက်ရောက်ခဲ့သည်။

၂၀၀၅ ခုနှစ် မလေးရှားနိုင်ငံမှ စတင်ပြီး အာဆီယံဒေသတွင်းရှိ ဒေသများအားလုံးမှ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ အသံများကို စုစည်းတင်ပြနိုင်ရန် ဒီဖိုရမ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117