Connect with us

Politics, Law & Military

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် အာဆီယံ နိုင်ငံများ ၏ ရွေးကောက်ပွဲ ကော်မရှင်များကို လေ့လာခွင့် ပြုမည် ဟုဆို

ရွေးကောက်ပွဲတွင် မဲထည့်နေသူတစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့ အပြင် အာဆီယံ နိုင်ငံများ၏ ရွေးကောက်ပွဲ ကော်မရှင်များကိုလည်း ပြည်ထောင်စု ရွေးကော်မရှင် အနေဖြင့် ဖိတ်ကြား လေ့လာ စောင့်ကြည့် စေမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွေးကောက်ပွဲ ကော်မရှင် ရုံးခွဲမှ တာဝန်ရှိ သူက ဆင်ဟွာကို ယနေ့ ပြောသည်။

အဆိုပါ တာဝန်ရှိသူက “ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ကျိုင်းတုံမြို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ရွှေတြိဂံ ဧည့်ရိပ်သာ၌ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန်မှာ အခုလို ပြောခဲ့တာပါ’’ ဟု ဆင်ဟွာကို ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ပစောင့်ကြည့် လေ့လာရေးအဖွဲ့ (၃) ဖွဲ့ဖြစ်သည့် Carter Center ၊ EU ၊ ANFREL အဖွဲ့များအား လာရောက် လေ့လာခွင့် ပြုထားသည့် ကိစ္စ၊ မဲစာရင်း မှန်ကန်ရေး၊ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးရေး ကိစ္စ၊ ကြိုတင် ဆန္ဒမဲ ပေးခြင်းနှင့် ပတ်သက်၍ ပုံစံ (၁၅) များဖြင့် တောင်းဆိုခြင်း၊ ကပ်ထား ကြေညာ ရမည့်ပုံစံ (၁-၁)၊ (၁-၂)၊ (၁-၃) ကိစ္စများ ဆွေးနွေး ပြောကြား ခဲ့ကြောင်း ဆိုသည်။

ထိုပြင် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များအား လေ့လာခွင့် ပြုမည် ဖြစ်ကြောင်း၊ ပြည်တွင်း စောင့်ကြည့် လေ့လာရေး အဖွဲ့များသာမက လူမှုအဖွဲ့ အစည်းများကိုလည်း လေ့လာ စောင့်ကြည့် ခွင့်ပြုမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများ၏ ရွေးကောက်ပွဲ ကော်မရှင်များကို ကော်မရှင် အနေဖြင့် ဖိတ်ကြား လေ့လာ စောင့်ကြည့် စေမည် ဖြစ်ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကဲ့သို့ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီး များကိုလည်း လေ့လာခွင့်ပြု သွားမည်ဟု ပြောကြား ခဲ့ကြောင်း ဆိုသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117