Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ပုဂံဒေသရှိ ရှေးဟောင်းစေတီပုထိုးများ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသရှိ ရှေးဟောင်း စေတီတော်များ ပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ပုဂံရှိ ထင်ရှားသည့် ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းရှိ ရှေးဟောင်းလက်ရာအုတ်တံတိုင်းများ ရေစိမ့်ဝင်ပြိုကျပျက်စီးမှုအပါအဝင်
ထင်ရှားသော သာသနာရေးဆိုင်ရာအဆောက်အဦအချို့လည်း ပြိုကျခဲ့ကြောင်း သိရသည်။

ပုဂံဒေသအနီး ညောင်ဦးမိုးလေဝသစခန်းတွင် စက်တင်ဘာ ၁၂ ရက်က ရှိခဲ့သော မိုးရေချိန် ၂၁၆ မီလီမီတာသည် နှစ်ပေါင်း ၆၀ အတွင်း အမြင့်ဆုံးမိုးရေချိန်အဖြစ် စံချိန်တင်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်တွင် ပျက်စီးမှုရှိခဲ့သည့် ပုဂံရှိ စေတီပုထိုးများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိသည့် ပုဂံဒေသသည် ရှေးဟောင်း သမိုင်းဝင်စေတီတော်များနှင့် သာသနိက အဆောက်အဦ ၃,၀၀၀ ကျော်ကြောင့် နာမည်ကျော်ကြားသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၉ ခုနှစ်က သတ်မှတ်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117