Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အောက်တိုဘာ ၁၅ တွင် နေပြည်တော် ၌ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ လက်မှတ်ထိုးမည်

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

စ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို ယခုလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU / KNLA-PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “NCA လက်မှတ်မထိုးတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ဖို့ ဆိုတဲ့ ရည်မှန်းချက်မျိုး အစိုးရမှာ မရှိသလို နှစ်ဖက် Bilateral သဘောတူညီချက်တွေကို ဆက်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာသွားမယ်” ဟု ပြောသည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ် ထိုးရန် ကျန်ရှိနေသာ အဖွဲ့အစည်းများကိုလည်း open book ပြုလုပ်ပေးပြီး လက်မှတ်ရေးထိုးရန် ဆက်လက် ဖိတ်ခေါ်သွားမည်ဖြစ်သည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာ တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းပွဲတွင် လက်မှတ်ထိုးမယ့်ရက် သတ်မှတ်နိုင်ခဲ့ပြီး တဖက် (၁၀) ဦးစီပါဝင်သည့် တနိုင်ငံလုံး “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ” ကို ဖွဲ့စည်းနိုင်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေးကို ယနေ့ အောက်တိုဘာလ (၄) ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) တွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် NCA ဆွေးနွေးရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၅) ဖွဲ့ အနက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့မှ ကိုယ်စား လှယ်များ ဖြစ်သည့် KNU ၊ KNLA-PC ၊ PNLO၊ ABSDF ၊ CNF ၊ RCSS ၊ ALP နှင့် DKBA တို့ တက်ရောက် ခဲ့ကြပါသည်။
(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117