Connect with us

Politics, Law & Military

မြို့ပြအုပ်ချုပ်ရေးစနစ် လာမည့် ၅နှစ်အတွင်း ပြောင်းလဲမည်ဟု နိုင်ငံတော် သမ္မတ ဆို

ရန်ကုန်မြို့ မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

မြို့နယ်နှင့် မြို့ပြ အုပ်ချုပ်ရေးများကို အစိုးရအုပ်ချုပ်မှု စနစ်မှ မြို့နယ်ကောင်စီနှင့် မြို့ကောင်စီများ ဖွဲ့စည်း အုပ်ချုပ်သော ပြည်သူ့အုပ်ချုပ်မှု ယန္တရားပုံစံ အသွင်ကို လာမည့် ငါးနှစ်အတွင်း ပြောင်းလဲမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

သမ္မတဦးသိန်းစိန်က “လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြအုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းတဲ့ Township Council, City Council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှုအစား ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ဖြစ်မှသာ ပြည်သူများ လူမှုစီးပွား လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း သမ္မတက ပြောကြားသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ ရေဒီယိုမိန့်ခွန်းတွင် လာမည့်ရွေးကောက်ပွဲ အခြေအနေ၊ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည့် အခြေအနေ၊ ရေကြီးရေလျှံမှု ဆိုင်ရာ ပြန်လည်ထူထောင်ရေး အခြေအနေများကို ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)