Connect with us

မြန်မာ-中文

အရှေ့အလယ်ပိုင်း အခြေအနေ- အမေရိကန်၏ စစ်ရေးအကူအညီ အစ္စရေး ထပ်မံရရှိ၊ ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲရန် ငြင်းဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်၌ ကျင်းပသော လွှတ်တော်ကြားနာပွဲသို့ တက်ရောက်လာသည့် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Lloyd Austin အား မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အစ္စရေးအစိုးရက အမေရိကန်ထံမှ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ရရှိထားကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ကြေညာခဲ့ပြီး မဟာဗျူဟာ ရည်မှန်းချက်များ အကောင်အထည်မဖော်နိုင်ပါက လက်ဘနွန်တွင် ဟစ်ဇ်ဘိုလာနှင့် ယာယီအပစ်အခတ်ရပ်စဲရေးရရှိနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ပါလက်စတိုင်းသမ္မတ Mahmoud Abbas က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန် အစိုးရသည် “အရပ်သားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်” ရာတွင် အသုံးပြုရန် အစ္စရေးအား လက်နက်များ ဆက်လက် ပံ့ပိုးပေးနေသည်ဟု ရှုတ်ချခဲ့သည်။
အမေရိကန်က စစ်ရေးအကူအညီကို ရပ်တန့်မည်မဟုတ်
အစ္စရေးက အမေရိကန်၏ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ ရရှိခဲ့ရာ ၎င်းတို့အနက်မှ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံသည် “အဓိကအရေးကြီးသော စစ်ပွဲဖြစ်ချိန်အတွင်းဝယ်ယူရေး” အတွက်ဖြစ်ပြီး အခြား အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံကို “Iron Dome” ၊ “David’s Sling” နှင့် အဆင့်မြင့် လေဆာ လေကြောင်းရန်ကာကွယ်ရေးလက်နက်များအပါအဝင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုသွားမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါနေ့တွင် ကြေညာခဲ့သည်။
၀ါရှင်တန်မြို့တွင် အစ္စရေးနှင့် အမေရိကန်တို့သည် အဆင့်မြင့်အစည်းအဝေးများ ဆက်တိုက်ကျင်းပပြီးနောက် ရရှိခဲ့သော အဆိုပါစစ်ရေးအကူအညီဆိုင်ရာ သဘောတူညီချက်သည် အစ္စရေး၏ “အဓိကအရေးကြီးသော” လေကြောင်းရန်ကာကွယ်ရေးစနစ်များကို သိသိသာသာ အားကောင်းရန် မြှင့်တင်ပေးမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အစ္စရေး၏ အရေးအပါဆုံး မဟာမိတ်အနေဖြင့် အမေရိကန်သည် အစ္စရေးအား လက်နက်ကိရိယာများကို ကာလရှည်ကြာ ထောက်ပံ့ပေးခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ကြား ကြီးမားသော ပဋိပက္ခ ဖြစ်ပွားပြီးနောက်တွင် အမေရိကန်သည် တစ်ဖက်တွင် အပစ်အခတ်ရပ်စဲရန် တိုက်တွန်းပြီး တစ်ဖက်တွင် အစ္စရေးအား ဧရာမစစ်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးခဲ့သည်။
အစ္စရေးနှင့် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့တို့ကြား ပိုမိုပြင်းထန်လာသော ပဋိပက္ခသည် “ဘက်စုံစစ်ပွဲ”အဖြစ်သို့ တိုးတက်လာနိုင်ရာ အမေရိကန်နိုင်ငံသည် အစ္စရေးနိုင်ငံအား “မိမိကိုယ်ကိုယ် ကာကွယ်ရေး” အတွက် ဆက်လက်ကူညီမည်ဖြစ်ပြီး စစ်ရေးအကူအညီများကို ရပ်တန့်မည်မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးအား အကူအညီပေးသော အမေရိကန်ကို ပါလက်စတိုင်းက နာကြည်းစွာ ရှုတ်ချ
အမေရိကန်နိုင်ငံအစိုးရက အစ္စရေးကို နိုင်ငံရေးနှင့် စစ်ရေးတွင် ထောက်ပံ့မှုများ ဆက်လက်ပေးအပ်လျက်ရှိပြီး ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်းဘက်မှ လူသောင်းနှင့်ချီ သေဆုံးခဲ့ရပြီးဖြစ်သည်ကို လျစ်လျူရှုထားသည့်အပေါ် ပါလက်စတိုင်းသမ္မတ Abbas က အဆိုပါနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောစဉ် နာကြည်းစွာ ရှုတ်ချခဲ့သည်။
“အမေရိကန် တစ်နိုင်ငံတည်း မတ်တတ်ရပ်ကာ ‘မဟုတ်ဘူး၊ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမှာပဲ’ လို့ပြောပြီး ဒီရည်မှန်းချက်ရောက်ရှိဖို့ အမေရိကန်က ဗီတိုအာဏာ သုံးခဲ့တယ်လို့ ပြောခဲ့တယ်” ဟုဆိုကာ အစ္စရေးအတွက် အခွင့်သာခြင်းမရှိသော ဆုံးဖြတ်ချက်မူကြမ်းများကို အမေရိကန်နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အကြိမ်ကြိမ် ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ကြောင်း Abbas က ၎င်း၏မိန့်ခွန်းတွင် ထောက်ပြခဲ့သည်။

“အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် မရေမတွက်နိုင်တဲ့ အပြစ်မဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာမှာ အသုံးပြုဖို့ သေစေနိုင်တဲ့ လက်နက်တွေကို အစ္စရေးအား ထောက်ပံ့ပေးခြင်းက အစ္စရေးရဲ့ ကျူးကျော်ရန်စမှုလမ်းကြောင်ကို ပိုမိုသက်ဆိုးရှည်အောင် ကူညီပေးခဲ့တယ်” ဟုဆိုကာ “ဒီရာဇ၀တ်မှုကို ရပ်တန့်ဖို့၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ရပ်တန့်ဖို့” ဟု Abbas က ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်ဖြစ်ပွားပြီးချိန်မှစ၍ အစ္စရေး၏စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်း ၄၁,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
လက်ဘနွန်နှင့် အစ္စရေးတို့ကြား တင်မားမှုအခြေအနေ အရှိန်အဟုန် မြင့်တက်လာ
အစ္စရေးနှင့် လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့တို့ကြား ပဋိပက္ခသည် နေ့စဉ်ရက်ဆက် အရှိန်အဟုန် မြင့်တက်လာခဲ့ခြင်းကြောင့် နှစ်ဘက်ကြား ဘက်စုံစစ်ပွဲဖြစ်ပွားလာမည်ကို နိုင်ငံတကာအသိုက်အဝန်းက စိုးရိမ်ပူပန်ခဲ့ကြသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် အနည်းဆုံး လူ ၉၂ ဦး သေဆုံးပြီး ၁၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အစိုးရဌာနက စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၃ ရက်မှစ၍ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၇၀၀ ကျော် သေဆုံးခဲ့ပြီး ယင်းမှာ ပြီးခဲ့သည့်နှစ် အောက်တိုဘာလဆန်းပိုင်းမှစ၍ ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးတို့ကြား ပဋိပက္ခကြောင့် သေဆုံးသူ စုစုပေါင်း၏ ထက်ဝက်နီးပါးဖြစ်ကြောင်း သိရသည်။
ဟစ်ဇ်ဘိုလာအဖွဲ့သည် စက်တင်ဘာ ၂၆ ရက်တွင် အစ္စရေးကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ ဟစ်ဇ်ဘိုလာအဖွဲ့က ဒုံးကျည် ၁၇၅ စင်းခန့် နှင့် အခြားလက်နက်များဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းအနက် အများစုကို အစ္စရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ သို့မဟုတ် လူနေထိုင်ခြင်းမရှိသော နေရာများအတွင်းသို့ ကျရောက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အဆိုပါနေ့တွင်ပင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်ထပ် ဟစ်ဇ်ဘိုလာ အဆင့်မြင့်တပ်မှူးတစ်ဦး သေဆုံးခဲ့သည်။ လက်ဘနွန်နယ်မြေအတွင်းရှိ ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်အပြင် အစ္စရေးစစ်တပ်က တင့်ကားများနှင့် သံချပ်ကာယာဉ်များကို အစ္စရေး-လက်ဘနွန်နယ်စပ်သို့ စေလွှတ်ခဲ့သည်။ အစ္စရေးစစ်တပ်သည် အခွင့်အရေးကိုစောင့်ပြီး ဟစ်ဇ်ဘိုလာပစ်မှတ်များကို မြေပြင်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု အများက သုံးသပ်ကြသည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဇက်ဘိုင်ဒန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်တို့သည် စက်တင်ဘာ ၂၅ ရက်က တွေ့ဆုံပြီး လက်ဘနွန်နှင့် အစ္စရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။ အမေရိကန်နိုင်ငံသည် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ ဆော်ဒီအာရေဗျ၊ ကာတာစသည့် နိုင်ငံပေါင်း ၁၀ နိုင်ငံနှင့် ဥရောပသမဂ္ဂတို့နှင့်တကွ အဆိုပါနေ့တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး သံတမန်ရေးအရ ဖြေရှင်းရေးနည်းလမ်းကို ကြိုးပမ်းရှာဖွေရန် နှစ်ဖက်စလုံးကို ချက်ချင်း ၂၁ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းခဲ့သည်။
အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုများကို အစ္စရေးက လျစ်လျူရှု
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် စက်တင်ဘာ ၂၆ ရက်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီး ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် ပြင်ဆင်နေချိန်တွင် “ကျွန်တော့်အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို အစွမ်းကုန် ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ရည်မှန်းချက်များအားလုံး မအောင်မြင်မချင်း ရပ်တန့်သွားမှာမဟုတ်ဘူး၊ အရေးကြီးဆုံးရည်မှန်းချက်တစ်ခုကတော့ (အစ္စရေး) ရဲ့ မြောက်ဘက်ခြမ်း နယ်စပ်ဒေသမှာ နေထိုင်သူတွေ ဘေးကင်းစွာ နေရပ်ပြန်နိုင်စေဖို့ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေး တိုက်တွန်းမှုများကိုပင် “တုံ့ပြန်ခြင်း မရှိ” ဟု အစ္စရေး ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲမှာ မဟုတ်ဘူး” ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz က ဆိုရှယ်မီဒီယာတွင် ဖော်ပြခဲ့သည်။
အစ္စရေး၏ အာဏာရညွန့်ပေါင်းအဖွဲ့ရှိ လက်ယာစွန်းနိုင်ငံရေးပါတီ Otzma Yehudit ပါတီက အကယ်၍ နေတန်ယာဟု အစိုးရသည် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲပါက ၎င်းပါတီသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ရပ်တန့်ပြီး အာဏာရညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် စက်တင်ဘာ ၂၆ ရက်တွင် ကနေဒါအသံလွှင့်ကော်ပိုရေးရှင်း၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့ပြီး ဘိုင်ဒန်အစိုးရအနေဖြင့် အစ္စရေးအပေါ် ဖိအားတိုးမြှင့်ပေးရန် တိုက်တွန်းခဲ့သည်။ အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေးသဘောတူရန် “အမေရိကန်က အစ္စရေးဝန်ကြီးချုပ်ကို ပိုကြီးတဲ့ဖိအားပေးသင့်တယ်လို့ ကျွန်တော်တကယ်ကို အဲလိုယူဆတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

“လက်ဘနွန်ကို မကျူးကျော်ရ၊ လက်ဘနွန်မှာ စစ်ပွဲလည်းမဖြစ်ရ၊ မဟုတ်ရင် ကြီးမားတဲ့ အမှားတစ်ခုဖြစ်လာပြီး အခြေအနေ ဆိုးရွားလာနိုင်တဲ့ ဧရာမအန္တရာယ်ကြီး ရှိလာမယ်” ဟု တွေ့ဆုံမေးမြန်းမှုအတွင်း မက်ခရွန်က အစ္စရေးကို အင်္ဂလိပ်ဘာသာစကားဖြင့် သတိပေးခဲ့သည်။ နေတန်ယာဟုက အပစ်အခတ်ရပ်စဲရေးကို ငြင်းဆိုပါက ပြင်သစ်နိုင်ငံသည် လုံခြုံရေးကောင်စီ၏ ကြားဝင်မှုကို တွန်းအားပေးရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ မြောက်ပိုင်း ဆာဖက်မြို့တွင် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်များကို ကြားဖြတ်ဟန့်တားပြီးနောက် ကျန်ရှိခဲ့သော မီးခိုးတန်းများကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေ အချေအတင်ဆွေးနွေးပွဲ၌ ပါလက်စတိုင်းသမ္မတ Abbas မိန့်ခွန်းပြောကြားနေသည်ကို စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(Chinese Version)
中东局势|以色列再获美国军援 拒绝与真主党停火
新华社北京9月27日电 以色列政府26日宣布获得美国提供的80多亿美元军事援助,并称除非达成战略目标,否则不会与黎巴嫩真主党达成临时停火。同日,巴勒斯坦总统马哈茂德·阿巴斯在联合国大会谴责美国政府持续向以色列提供武器用于“屠杀平民”。
美国不会停止军援
以色列国防部当天宣布获得87亿美元军事援助,其中35亿美元援助为“至关重要的战时采购”,另有52亿美元将用于升级防空系统,包括“铁穹”和“大卫投石索”以及先进的激光防空武器。
以色列国防部说,以美双方在华盛顿举行一系列高级别会议后达成这项军事援助协议,将“显著增强”以方“至关重要”的防空系统。
作为以色列最重要盟友,美国长期向以方提供武器装备。去年10月以色列与巴勒斯坦伊斯兰抵抗运动(哈马斯)爆发大规模冲突后,美国一面呼吁停火,一面继续向以方提供巨额军援。
美国国防部长劳埃德·奥斯汀26日说,以色列与黎巴嫩真主党愈演愈烈的冲突有可能发展成为“全面战争”,美方将继续帮助以色列“自卫”,不会停止军援。
巴方痛斥美国援以
巴勒斯坦总统阿巴斯当天在联合国大会发言时痛斥美国政府向以色列持续提供政治和军事支持,而无视以色列在加沙地带的军事行动已经导致巴勒斯坦方面数万人死亡。
“美国独自站出来说:‘不,战斗还将继续下去。’为了达到这个目的,美国行使否决权。”阿巴斯在发言中指认美国先前多次在联合国安全理事会否决不利于以色列的决议草案。
“它向以色列提供致命武器,用于屠杀无数无辜平民,包括妇女儿童,进一步助长了以色列的侵略行径。”阿巴斯疾呼:“停止这一罪行!停止大屠杀!”
据加沙地带卫生部门数据,新一轮巴以冲突爆发以来,已有超过4.1万巴勒斯坦人死于以方军事行动。
黎以局势急剧升级
连日来,以色列与黎巴嫩真主党冲突急剧升级,引发国际社会对双方爆发全面战争的担忧。
黎巴嫩政府部门26日晚说,过去24小时,黎巴嫩至少92人死于以军空袭、153人受伤。23日以来,超过700人死于以军空袭,占去年10月初以来真主党与以色列冲突中死亡总人数将近半数。
真主党26日则继续袭击以色列。以军称,真主党发射了大约175枚火箭弹等武器,其中绝大多数被以方拦截或落入无人区域。
以军当天空袭炸死又一名真主党高级指挥官。除对黎巴嫩境内目标实施空袭,以军还向以黎边境调派坦克和装甲车。舆论分析,以军准备择机对真主党目标发动地面攻势。
美国总统约瑟夫·拜登与法国总统埃马纽埃尔·马克龙25日会晤,讨论黎以局势。美国当天与法国、英国、德国、沙特阿拉伯、卡塔尔等10个国家以及欧洲联盟发表联合声明,呼吁双方立即临时停火21天,以寻找外交解决方案。
以方无视停火呼吁
以色列总理本雅明·内塔尼亚胡26日抵达美国准备参加联合国大会时称:“我们将继续全力打击真主党,在达成所有目标之前不会停手,最主要目标之一就是确保(以色列)北部边境地区居民能安全返回家园。”
以色列总理办公室在一份声明中说,内塔尼亚胡“甚至没有回应”停火呼吁。
“北部将不会停火。”以色列外交部长伊斯雷尔·卡茨在社交媒体上表示。
以色列执政联盟中的极右翼政党犹太力量党威胁,如果内塔尼亚胡政府与真主党停火,该党将停止与政府合作甚至退出执政联盟。
法国总统马克龙26日接受加拿大广播公司采访,呼吁拜登政府加大向以色列施压。“我确实认为美国必须对以色列总理施加更大压力”,让以方同意停火。
马克龙在采访中以英语警告以方,“不能入侵黎巴嫩,黎巴嫩不能发生战争,否则将铸成大错,局势有升级的巨大危险”。他说,如果内塔尼亚胡拒绝停火,法国将寻求推动安理会介入。(惠晓霜)
图说1:5月8日,美国国防部长奥斯汀在华盛顿国会出席听证会。新华社发(亚伦摄)
图说2:9月26日,在以色列北部塞费德,火箭弹被以色列防空系统拦截后留下烟轨。新华社记者陈君清摄
图说3:9月26日,在位于纽约的联合国总部,巴勒斯坦总统阿巴斯在第79届联合国大会一般性辩论上发言。新华社记者李睿摄