Connect with us

Local

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် သြဂုတ်လ အထိ ပို့ကုန် အမေရိကန် ဒေါ်လာ ၁,၅၀၇ သန်းကျော် တင်ပို့နိုင်

နယ်စပ်ဂိတ် မြင်ကွင်း (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှု ပမာဏ အနေဖြင့် ဧပြီလ မှ သြဂုတ်လ အထိ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁,၅ဝ၇ သန်းကျော်နှင့် သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၆၈ဝ ကျော်ရှိခဲ့ပြီး ပို့ကုန် သွင်းကုန် စုစုပေါင်း တန်ဘိုး အမေရိကန် ဒေါ်လာ ၂,၁၈၈ သန်းကျော် ရှိခဲ့ကြောင်း မူဆယ် ကုန်သွယ်ရေးဇုန် မှ ထုတ်ပြန်သည့် စာရင်းဇယားအရ သိရသည်။

၂၀၁၄ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁,၃၄၄ သန်းကျော်၊ သွင်းကုန် တန်ဖိုးမှာ ဒေါ်လာသန်း ၆ဝဝ နီးပါး နှင့် ပို့ကုန်သွင်းကုန် စုစုပေါင်း တန်ဘိုး ဒေါ်လာ ၁,၉၄၃ သန်း ကျော် ရှိခဲ့သည်။

ယခင် နှစ်နှင့် နှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် ပို့ကုန်အနေဖြင့် အမေရိကန် ဒေါ်လာ ၁၆၃ သန်းကျော် ပို၍ရရှိခဲ့ပြီး သွင်းကုန်အနေဖြင့် ဒေါ်လာ ၈၁ သန်းကျော် စုစုပေါင်း ဒေါ်လာ ၂၄၅ သန်းကျော် ပို၍ ရရှိခဲ့ကြောင်း သိရသည်။

မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေး ဇုန်မှ ပို့ကုန်များအဖြစ် ဆန်၊ ပြောင်း၊ ပဲ၊ ရော်ဘာ စသည့် ကုန်ပစ္စည်း အမျိုးမျိုးကို တင်ပို့ပြီး တစ်ရက်လျှင် ကားအစီးရေ ၄ဝဝ ကျော်မှ ၆ဝဝ ကျော်အထိ တင်ပို့မှု ရှိကြောင်း၊ သွင်းကုန်များ အနေဖြင့် မြေဆီ၊ ဘိလပ်မြေ၊ စက်ပစ္စည်း အမျိုးမျိုးနှင့် အခြားကုန်စည်များကို တင်သွင်းပြီး နေ့စဉ် ကားစီးရေ ၂ဝဝ ကျော်မှ ၄ဝဝ ခန့်အထိ ဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူက “ပို့ကုန်တွေထဲမှာ ဆန်ကားတွေက အများဆုံး ဖြစ်တယ်။ သွင်းကုန်မှာတော့ မြေဆီကားတွေက အများဆုံးဖြစ်တယ်။ အခုရက်ပိုင်းမှာ (၁ဝ၅)မိုင် ကုန်သွယ်ရေး ဇုန်ကို ပို့ကုန် သွင်းကုန် နှစ်မျိုးပေါင်း အနေနဲ့ ယာဉ် အစီးရေ ၇ဝဝ ကျော် ကနေ ၉ဝဝ လောက်အထိ နေ့စဉ်ဝင်ထွက်မှု ရှိနေပါတယ်’’ ဟု ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117