Connect with us

Africa & Middle East

ကုလသမဂ္ဂနှင့် လက်ဘနွန်အစိုးရက အရေးပေါ် လူသားချင်းစာနာမှု အကူအညီအတွက် အမေရိကန်ဒေါ်လာ ၄၂၆ သန်း တောင်းခံ

လက်ဘနွန်နိုင်ငံ ဘက်ကာဒေသအနောက်ပိုင်း၊ Qaraoun ကျေးရွာရှိ ယာယီခိုလှုံရေးစခန်းတစ်ခုတွင် လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှ အိုးအိမ်စွန့်ခွာထွက်ပြေးလာသူများအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ ဝန်ကြီးချုပ် နာဂျစ် မစ်ကာတီ၊ လက်ဘနွန်နိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူး အီမရန်ရီဇာတို့က ပဋိပက္ခ အရှိန်မြင့်တက်လာမှုနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော လက်ဘနွန်နိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြောင့် ထိခိုက်ခံစားနေရသည့် အရပ်သားများအတွက် အရေးတကြီး လိုအပ်နေသော အရင်းအမြစ်များကို ဖြည့်တင်းရန် အမေရိကန်ဒေါ်လာ ၄၂၆ သန်းအား အောက်တိုဘာ ၁ ရက်က အရေးပေါ်တောင်းခံခဲ့သည်။
ကုလသမဂ္ဂ အေဂျင်စီများ၊ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပြည်တွင်းပြည်ပမှ မိတ်ဖက်များ တက်ရောက်ခဲ့သည့် ဘေရွတ်မြို့ရှိ ဆီရေးလ် အဆောက်အအုံ၌ ထိုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။
“အကြမ်းဖက်မှုတွေ အဆုံးသတ်သွားအောင် အကူအညီပေးရာမှာ ဩဇာလွှမ်းမိုးမှုကို အသုံးချဖို့နဲ့ လူသားချင်းစာနာမှု အကူအညီပေးရာမှာ တိုးမြှင့်အထောက်အကူပေးဖို့ နိုင်ငံအားလုံးကို တိုက်တွန်းပါတယ်” ဟု မစ်ကာတီက ပြောကြားခဲ့ကာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်သွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အဆိုပါ အရေးပေါ်တောင်းခံချက်သည် အစ္စရေးနိုင်ငံနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ထိခိုက်ခံစားနေရသူ ၁ သန်းနီးပါးအား အစားအစာ၊ အခြေခံအကူအညီများ၊ နေထိုင်စရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် စည်ပင်သာယာရေးလုပ်ငန်းများ စသည့် အရေးတကြီး လိုအပ်ချက်များကို ထောက်ပံ့ဖြည့်ဆည်းပေးခြင်းဖြင့် အကူအညီပေးရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
“ဒီအကျပ်အတည်းကြောင့် ထိခိုက်ခံစားနေရသူတွေအနေနဲ့ သူတို့လိုအပ်တဲ့ အရေးကြီးအထောက်အပံ့တွေကို အသေအချာလက်ခံရရှိအောင် မိမိတို့ဘက်က မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ဆောင်ရွက်ရမှာြဖစ်ပါတယ်။ သက်ဆိုင်သူအားလုံးဟာ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ပြီး လူသားချင်းစာနာမှု လမ်းကြောင်းအတွက် ဦးစားပေးဆောင်ရွက်ပေးရမယ့် တာဝန်ဝတ္တရားတွေကို ထိန်းသိမ်းရမှာပါ” ဟု ရီဇာက ဆိုသည်။
မကြာမီက တင်းမာမှုများ အရှိန်မြင့်တက်လာြခင်းကြောင့် လက်ဘနွန်နိုင်ငံတွင် လူအသေအပျောက်နှင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများသည် မကြုံဖူးလောက်အောင် မြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သော သီတင်း ၂ ပတ်အတွင်း သေဆုံးသူ ၁,၀၀၀ ကျော်ရှိခဲ့ကာ ပြီးခဲ့သည့် အောက်တိုဘာလနောက်ပိုင်း မြို့ရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ၁ သန်းဝန်းကျင်ရှိကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ထိုစဉ် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) က လက်ဘနွန်နိုင်ငံအား အကူအညီပေးရန် လာမည့် ၃ လတာအတွက် ဒေါ်လာ ၁၀၅ သန်း အကူအညီတောင်းခံခဲ့သည်။
“တိုက်ပွဲတွေ အရှိန်မြင့်တက်လာတာဟာ လက်ဘနွန်နိုင်ငံက ကလေးငယ်အားလုံးအတွက် အလွန်အမင်း ဆိုးရွားလှပါတယ်။ ယူနီဆက်ဖ်အနေနဲ့ လက်ဘနွန်နိုင်ငံက ကလေးငယ်တွေရဲ့ အရေးအကြီးဆုံးနဲ့ ချက်ချင်းလက်ငင်း လိုအပ်ချက်တွေကို တုံ့ပြန်ဆောင်ရွက်ပေးနေပေမဲ့ အဲဒီလိုတုံ့ပြန်ဆောင်ရွက်မှုတွေကို အားဖြည့်ဖို့နဲ့ တိုးမြှင့်နိုင်ဖို့ အရေးတကြီး အထောက်အပံ့တွေ လိုအပ်နေပါတယ်” ဟု လက်ဘနွန်နိုင်ငံဆိုင်ရာ ယူနီဆက်ဖ်ကိုယ်စားလှယ် အက်ဒွက် ဘေ့ဂ်ဘီဒါက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အပူတပြင်း အကူအညီလိုအပ်နေသည့် ကလေးငယ်များအတွက် အရေးတကြီး အထောက်အပံ့များ ပေးနိုင်ရန်၊ ဘေးကင်းစိတ်ချရသောရေ၊ စိတ်ပိုင်းဆိုင်ရာအားပေးမှု၊ ပညာရေး အပါအဝင် လက်ဘနွန်နိုင်ငံ၏ အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းများကို ထိန်းထားနိုင်ရန် ရန်ပုံငွေများကို အပူတပြင်း လိုအပ်လျက်ရှိသည်ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နောက်ပိုင်း ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့ကာ ထိုအရေအတွက်၏ ထက်ဝက်ကျော်မှာ လွန်ခဲ့သော သီတင်းပတ်တစ်ပတ်တည်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးငယ် ၃၀၀,၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ယူနီဆက်ဖ်က ပြောကြားခဲ့သည်။ (Xinhua)

…………………….
(English Version)
UN, Lebanese gov’t launch 426-mln-USD appeal for urgent humanitarian aid
BEIRUT, Oct. 1 (Xinhua) — Lebanese Prime Minister Najib Mikati and Humanitarian Coordinator for Lebanon Imran Riza on Tuesday launched a 426-million-U.S. dollar Flash Appeal to mobilize urgent resources for civilians affected by the escalating conflict and resulting humanitarian crisis in Lebanon.
The announcement occurred at the Serail in Beirut, which was attended by UN agencies, member states, the international community, and local and international partners.
“I urge all nations to step up their support in providing humanitarian aid and to use their influence to help bring an end to the violence,” Mikati said, calling for immediate action from the international community.
The Flash Appeal seeks to assist approximately 1 million people affected by the ongoing clashes between Israel and Hezbollah by providing urgent needs such as food, basic assistance, shelter, healthcare, water, and municipal services.
“We must act swiftly and decisively to ensure that those affected by this crisis receive the essential support they require. All parties must uphold their obligations under international humanitarian law to protect civilians and prioritize humanitarian access,” Riza said.
The recent escalation caused an unprecedented surge in casualties and displacement in Lebanon, with more than 1,000 people losing their lives over the past two weeks and around 1 million people displaced from their villages and towns since last October, according to the tally by the Lebanese Health Ministry.
Meanwhile, the United Nations International Children’s Emergency Fund (UNICEF) launched an appeal for 105 million dollars for Lebanon for the next three months.
“The escalation in hostilities is catastrophic for all children in Lebanon,” said UNICEF Representative in Lebanon, Edouard Beigbeder, in a statement. “UNICEF is responding to the most critical and immediate needs of children in Lebanon but requires urgent support to sustain and expand its response.
” The statement said that the funds are urgently needed to deliver critical supplies to children in desperate need, maintain Lebanon’s essential services, including safe water, psychosocial support, and learning, and prepare for any potential further escalation in hostilities.
More than 100 children have been killed since Oct. 8, 2023, with more than half of the deaths occurring in the past week alone, while more than 300,000 children have been displaced from their homes, the UN body said, citing statistics from the Lebanese Health Ministry. Enditem
English Caption
Displaced people from southern Lebanon are pictured at a shelter in Qaraoun, west of the Bekaa area, Lebanon, on Oct. 1, 2024. (Photo by Taher Abu Hamdan/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.