Connect with us

North America

ပူတင်နှင့် တွေ့ဆုံရန် စီစဉ်နေဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် Latrobe မြို့တွင် ကျင်းပသော မဲဆွယ်စည်းရုံးပွဲတစ်ခုတွင် သမ္မတ ထရမ့်အား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ပူတင်က ၎င်းနှင့် တွေ့ဆုံလိုရာ သက်ဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်နေသည်ဟု အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်က ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်သည် ယင်းနေ့က ဖလော်ရီဒါပြည်နယ်ရှိ မာအာလာဂိုနေအိမ်၌ ရီပက်ဘလစ်ကန်ပါတီ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးမထိုင်မီ အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။
“သမ္မတ ပူတင်က (ကျွန်တော်နဲ့) တွေ့ချင်တယ်” ၊ “ဒီစစ်ပွဲကို ကျွန်တော်တို့ မဖြစ်မနေ ရပ်တန့်ရမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပူတင်နှင့် တွေ့ဆုံမည့် အချိန်အသေးစိတ်ကိုမူ ထရမ့်က ပြောကြားခဲ့ခြင်း မရှိပေ။

ယင်းမှာ ထရမ့်အနေဖြင့် ပူတင်နှင့် တွေ့ဆုံနိုင်မည့် အကြောင်းကို ယခုရက်ပိုင်းအတွင်း ဒုတိယအကြိမ်ပြောဆိုခြင်း ဖြစ်သည်။ ယခုလ ၇ ရက်က မာအာလာဂိုနေအိမ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ၎င်းအနေဖြင့် ဇန်နဝါရီ ၂၀ ရက် သမ္မတ ရာထူးတာဝန်မထမ်းဆောင်မီ ပူတင်နှင့် တွေ့ဆုံရန်မှာ မသင့်လျော်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခ ၆ လအတွင်း အဆုံးသတ်မည်ဟု မျှော်လင့်ထားကြောင်း ထရမ့်က ပြောဆိုခဲ့ပေသေးသည်။ (Xinhua)
……………………………..
(Chinese Version)
美国媒体:特朗普说正安排同普京会面
新华社华盛顿1月9日电(记者邓仙来)美国候任总统特朗普9日说,俄罗斯总统普京希望同他会面,相关安排正在进行中。
据美国媒体报道,特朗普当天在佛罗里达州海湖庄园与多名共和党籍州长开会前发表上述言论。他说,“普京总统想(同我)见面”“我们必须结束这场战争”。
特朗普未透露与普京会面的具体时间表。
这是特朗普近日来第二次谈及可能与普京会面。本月7日,他在海湖庄园召开的新闻发布会上说,自己在20日就职总统前会见普京不合适。特朗普还说,希望俄乌冲突在6个月内结束。(完)
1. 这是2020年9月3日时任美国总统特朗普在美国宾夕法尼亚州拉特罗布参加竞选集会的资料照片。新华社记者刘杰摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.