Asia
တောင်ကိုရီးယားနိုင်ငံ နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု ယိုစိမ့်၊ တန်ချိန် ၂၉ တန်ရှိ နျူကလီးယား စွန့်ပစ်ရည် ပင်လယ်ထဲသို့ ယိုထွက်
ဆိုးလ်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ Gyeongju မြို့ရှိ Wolseong နျူကလီးယားဓာတ်အားပေးစက်ရုံ ယူနစ် ၂ ၏ တန်ချိန် ၂၉ တန် နျူကလီးယား စွန့်ပစ်ရည် ပုံမှန်မဟုတ်သော ထုတ်လွှတ်ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား အဏုမြူစွမ်းအင် လုံခြုံရေး ကော်မရှင်က ဇန်နဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ယူနစ်ကို တာဝန်ယူ လည်ပတ်သော Korea Hydro & Nuclear Power (KHNP) ကုမ္ပဏီက ဒေသစံတော်ချိန် ဇန်နဝါရီ ၁၂ ရက် နံနက် ၁၀ နာရီ ၂၃ မိနစ်တွင် Wolseong ယူနစ် ၂ ပုံမှန်လည်ပတ်နေစဉ် သိုလှောင်ကန်အတွင်းရှိ နျူကလီးယား စွန့်ပစ်ရည်သည် နမူနာ ခွဲခြမ်းစိတ်ဖြာမှု အဆင့်ကို မဖြတ်ဘဲ ပင်လယ်ထဲသို့ ထုတ်လွှတ်ခဲ့ကြောင်း တင်ပြခဲ့သည်ဟု တောင်ကိုရီးယား အဏုမြူစွမ်းအင် လုံခြုံရေး ကော်မရှင်က အဆိုပါနေ့တွင် ၎င်းတို့ တရားဝင်ဝက်ဆိုက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ခန့်မှန်းခြေအရ စွန့်ပစ်ပမာဏသည် တန်ချိန် ၂၉ တန်နီးပါးရှိကြောင်း သိရသည်။ ဝန်ထမ်းများသည် ပြီးနောက်ချက်ချင်း “အဆို့ရှင် ပိတ်ခဲ့ပြီး ယိုစိမ့်မှုကို ဖြတ်တောက်” ခဲ့သည်။ ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်မှု “ပုံမှန်စွန့်ထုတ်မှုအဆင့်” ရှိကြောင်း ကန်အတွင်း ကျန်ရှိခဲ့သော နမူနာများအား ခွဲခြမ်းစိတ်ဖြာမှု ပြုလုပ်သည့် ရလဒ်က ဖော်ပြခဲ့သည်။
လက်ရှိတွင် တိကျသော ယိုစိမ့်ခဲ့သည့် ပမာဏ၊ ယိုစိမ့်ရသည့် အကြောင်းအရင်းစသည်ကို စုံစမ်းစစ်ဆေးရန် အဏုမြူစွမ်းအင် လုံခြုံရေး ပညာရှင်များကို စေလွှတ်ခဲ့ပြီး ပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကို အတည်ပြုရန် နျူကလီးယားဓာတ်အားပေးစက်ရုံအနီးအနားရှိ ပင်လယ်ရေ နမူနာများကို ရယူခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှု ရလဒ်ကို ရက်အနည်းငယ်အကြာတွင် ကြေညာမည်ဖြစ်ကြောင်း တောင်ကိုရီးယား အဏုမြူစွမ်းအင် လုံခြုံရေး ကော်မရှင်က ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
韩国一核电站泄漏 29吨核废液排放入海
新华社首尔1月12日电(记者陆爱华 姬新龙)韩国原子能安全委员会12日表示,正在对庆尚北道庆州市月城核电站2号机组非正常排放29吨核废液展开调查。
韩国原子能安全委员会当日在其官网发布公告说,负责运营该机组的韩国水力原子能公司当地时间12日10时23分报告,月城2号机组正常运转时,储藏罐内的核废液未经样本分析阶段就被排放入海。据估计,排放量约为29吨。工作人员随后立即“关闭阀门,切断了泄漏”。对罐内残留样本进行分析的结果显示,放射性物质含量“为平时排放水平”。
原子能安全委员会表示,目前已派遣原子能安全专家对准确的泄漏量、泄漏原因等展开调查,并采集核电站附近的海水样本,以确认对环境的影响。调查结果将在日后公布。