Connect with us

Environment, Disasters & Accidents

နေပြည်တော်မြို့နယ် အနီးဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

နေပြည်တော်မြို့နယ်၊ တပ်ကုန်းမြို့၏ အနောက်ဘက် မိုင် (၁၈)ခန့်အကွာတွင် မြောက်လတ္တီတွဒ် (၂၀.၁၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၉၄) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

ထိုငလျင်သည် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၄၃)မိနစ်၊ (၀၁)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117