Connect with us

Environment, Disasters & Accidents

ရပ်စောက်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် လူ၆ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွား

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ မင်းမင်းဦးဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှုကြောင့် စုစုပေါင်း လူ၆ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်နေ့ ၁၆း၃၀ နာရီ အချိန် ရပ်စောက်မြို့နယ်၊ ရပ်စောက်-နောင်ချိုကားလမ်း မိုင်တိုင်(၁၈၁/၁၈၂) ကြား၌ ကျော်နိုင်ဦး၊ (၄၆)နှစ် မောင်းနှင်လာသည့် 3B-×××× Nissan ၁၀ ဘီးယာဉ်သည် ဘရိတ်ပေါက်၍ လမ်းဝဲဘက်ရှိ မြေသားနံရံအား တိုက်မိတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ၃၂ ဦးအနက် သန်းလွင်(၃၀)နှစ်ပါ၆ ဦး(ကျား ၅၊ မ ၁)တို့တွင် ဦးခေါင်းကြေမွ၊ ပေါက်ပြဲဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး မျိုးချစ်အောင်၊(၃၄)နှစ် ပါ ၂၃ ဦး (ကျား ၁၉၊ မ ၄)တို့တွင် ပွန်းပဲ့ပေါက်ပြဲဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ရပ်စောက်မြို့နယ် ကျောက်ဂူဆေးရုံနှင့် နောင်ချိုဆေးရုံတို့သို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်း ကျော်နိုင်ဦး အား ကျောက်ဂူနယ်မြေရဲစခန်း ယာဉ် (ပ) ၁/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန် နာကျင်စေမှု/ယာဉ်မဆင်မခြင်မောင်းနှင်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.