North America
ယူကရိန်းထံမှ “ရနိုင်သမျှ ပစ္စည်း” ရယူမည်ဖြစ်ပြီး နှစ်ဖက်သဘောတူညီချက် ရလုနီးပါးဖြစ်သည်ဟု ထရမ့် ပြောကြား

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ယူကရိန်းထံမှ “မြေရှားသတ္တုနဲ့ ရေနံ ရယူသွားမယ်၊ ကျွန်တော်တို့ (အမေရိကန်) ရယူနိုင်တဲ့ပစ္စည်းမှန်သမျှကိုပေါ့” ဟု အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်သည် ယူကရိန်းနှင့် သဘောတူညီချက် ရယူရန် “အလွန်နီးကပ်နေပြီ” ဟုလည်း ၎င်းကဆိုသည်။
မိမိတို့အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်အောင် ကြိုးပမ်းလျက်ရှိသလို ပဋိပက္ခကြောင့် လူသေဆုံးမှုများ ရပ်တန့်ရေးလည်း ကြိုးပမ်းလျက်ရှိကြောင်း ထရမ့်က မေရီလန်းပြည်နယ်၌ ကျင်းပသော ကွန်ဆာဗေးတစ်အဖွဲ့ လူထုစုဝေးပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ (ယူကရိန်းထံက) မြေရှားသတ္တုနဲ့ ရေနံတွေ ရယူသွားမယ်၊ ကျွန်တော်တို့ ရနိုင်တာ မှန်သမျှကိုပေါ့” ဟု ၎င်းက ဆိုသည်။
ဘိုင်ဒန်အစိုးရက ယူကရိန်းကို ပေးသည့်အကူအညီပုံစံအရ အမေရိကန်က ယူကရိန်းသို့ အကူအညီပေးသည့်ငွေကြေးများကို ပြန်မရနိုင်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဘာမှ မရခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ ပိုက်ဆံတွေကို ကျွန်တော်တို့ ပြန်သိမ်းရမယ်…ဘာဖြစ်လို့လဲဆိုတော့ ဒါမမျှတလို့ပဲ၊ တကယ့်ကို မမျှတတာ” ဟု ၎င်းက ဆိုသည်။ ယူကရိန်းသို့ အကူအညီပေးသော ငွေကြေးများ အမေရိကန် ပြန်လည်ရယူနိုင်မည့် သဘောတူညီချက်ကို လက်ရှိ အမေရိကန်အနေဖြင့် ယူကရိန်းနှင့် ရယူနိုင်ရန် “အလွန်နီးကပ်နေပြီ” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နှင့် သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူညီချက်ရရှိရန် ယူကရိန်းဘက်က ဖေဖော်ဝါရီ ၂၄ ရက်တွင် အထူးအဖွဲ့တစ်ခု ဖွဲ့စည်းမည် ဖြစ်သည်ဟု ယူကရိန်း လွှတ်တော် ဥက္ကဋ္ဌ Ruslan Stefanchuk က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း အခြားမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အမေရိကန်-ယူကရိန်း သတ္တုအရင်းအမြစ်ဆိုင်ရာ သဘောတူစာချုပ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း-ရုရှား ပဋိပက္ခကာလအတွင်း အမေရိကန်က ယူကရိန်းအား ကူညီပံ့ပိုးမှုများကို အစားထိုးလျော်ကြေး ရနိုင်ရန်အတွက် အမေရိကန်အစိုးရက ယူကရိန်းထံမှ ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ခန့် တောင်းယူမည် ဖြစ်ကြောင်း Bloomberg သတင်းဌာနက ယင်းအခြေအနေကို သိရှိသူ ယူကရိန်းအရာရှိတစ်ဦး၏ သတင်းကို ကိုးကား၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။ ဤတောင်းဆိုချက်ကို ယူကရိန်းဘက်က ငြင်းဆိုခဲ့သည်။ လက်တွေ့ပေးရမည့် လျော်ကြေးပမာဏမှာ အမေရိကန်ဘက်က တောင်းဆိုချက်ထက် များစွာ လျော့နည်းရာ ကန်ဒေါ်လာ ဘီလီယံ ၉၀ ခန့်သာ ရှိသည်ဟု ယူကရိန်းက ယူဆကြောင်း သိရသည်။
သဘောတူညီချက်ပြီးမြောက်ရန် အမေရိကန်-ယူကရိန်း ဆွေးနွေးသူများက အချိန်ပို၍လိုအပ်ကြောင်း ယင်းအခြေအနေကို သိရှိသော အခြားသတင်းအရင်းအမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အမေရိကန်ဘက်က လက်ရှိ အဆိုပြုသည့် သဘောတူညီချက်မူကြမ်းတွင် “သံသယဖြစ်ဖွယ် အကြောင်းရင်းများ” ရှိနေဆဲ ဖြစ်ပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးက “ဒီသဘောတူညီချက်ကို ခွင့်ပြုဖို့ အဆင်သင့် မဖြစ်သေးဘူး” ဟု ယူကရိန်းဘက်က ယူဆကြောင်း သိရသည်။ (Xinhua)
…………………………
(Chinese Version)
特朗普:将向乌克兰索要“任何能得到的东西”
新华社华盛顿2月22日电(记者邓仙来)美国总统特朗普22日说,将向乌克兰“索要稀土和石油,任何我们(美国)能得到的东西”。美国已“非常接近”与乌克兰达成协议。
特朗普当天在马里兰州举行的一场保守派团体集会上发表讲话说,自己正努力结束俄乌冲突,努力停止冲突造成的人员死亡。“我们将(向乌克兰)索要稀土和石油,任何我们能得到的东西”。
特朗普说,在拜登政府向乌克兰提供援助的模式下,美国无法收回援乌资金。“我们什么也没得到。所以我们要收回我们的钱……因为这不公平,这简直是不公平”。他说,美国目前“非常接近”与乌克兰达成能够让美国收回援乌资金的协议。
另据媒体报道,乌克兰议长斯特凡丘克22日说,乌方将于24日组成一个专家组,致力于与美方达成矿产协议。
彭博社22日援引一名熟悉情况的乌克兰官员消息报道说,作为美乌矿产资源协议的一部分,美国政府向乌克兰索要约5000亿美元,以补偿美国在俄乌冲突期间向乌克兰提供的援助。这一要求已被乌方拒绝。乌方认为,实际需要补偿的金额远低于美方的要求,仅为约900亿美元。
该报道援引另一名熟悉情况的消息人士的话表示,美乌谈判者需要更多时间来完成协议。乌方认为,美方当前提出的协议草案仍有“可疑元素”,乌总统泽连斯基“还没准备好批准它”。(完)
1. 2月22日,美国总统特朗普乘直升机返回华盛顿白宫。新华社记者 胡友松 摄