Connect with us

North America

ထရမ့်အား “တောင်းပန်ရန်” မလိုအပ်ဟု ဇယ်လန်းစကီး ယူဆ

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁ ရက် (ဆင်ဟွာ)
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဖေဖော်ဝါရီ ၂၈ ရက် အစောပိုင်းက အိမ်ဖြူတော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် အမေရိကန်သမ္မတ ထရမ့်နှင့် အပြင်းအထန် ငြင်းခုံမှုဖြစ်ပွားခဲ့သည့်အတွက် တစ်ဖက်ကို “တောင်းပန်ရန်” မလိုအပ်ဟု ယူဆကြောင်း ယင်းနေ့တွင်ပင် ပြောကြားခဲ့သည်။

အဆိုပါနေ့ အငြင်းပွားမှုကြောင့် အမေရိကန်-ယူကရိန်း နှစ်ဖက်၏ မူလက ကျင်းပရန် စီစဉ်ထားသော ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ရပြီး အမေရိကန်-ယူကရိန်း သတ္တုထုတ်ကုန်ဆိုင်ရာ သဘောတူစာချုပ်ကိုလည်း မူလအစီအစဉ်အတိုင်း လက်မှတ်ရေးထိုးရန် ပျက်ကွက်ခဲ့သော်လည်း ဇယ်စလန်းစကီးက ညပိုင်းတွင် မူလ စီစဉ်ထားသည့်အတိုင်း အမေရိကန် Fox News ၏ တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်သို့ တက်ရောက်ခဲ့ပြီး မေးမြန်းမှုကို လက်ခံဖြေကြားခဲ့သည်။

ထရမ့်အား “တောင်းပန်” မည်လား ဟုမေးမြန်းခဲ့ရာတွင် ဇယ်လန်းစကီးက “မတောင်းပန်ပါဘူး၊ ကျွန်တော် သမ္မတ (ထရမ့်) ကို လေးစားပါတယ်၊ အမေရိကန်ပြည်သူတွေကိုလည်း လေးစားပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသားရှိရမယ်၊ ပြီးတော့ ကျွန်တော်တို့ ဘာမကောင်းတာလုပ်လိုက်တယ်လို့ မထင်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဇယ်လန်းစကီးက ယူကရိန်းသည် မည်သို့ပင်ဖြစ်စေကာပင် သံတမန်လမ်းကြောင်းဖြင့် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းသွားမည်ဖြစ်သော်လည်း စေ့စပ်ညှိနှိုင်းမှု ရည်ရွယ်ချက်သည် “တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး” ဖော်ဆောင်မှု ဖြစ်သင့်ကြောင်း၊ ထို့အပြင် ယူကရိန်းအနေဖြင့် အလွန် ခိုင်မာအားကောင်းသော အနေအထားဖြင့် စေ့စပ်ညှိနှိုင်းမှုစားပွဲတွင် ပါဝင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
泽连斯基不认为需要向特朗普“道歉”
新华社华盛顿2月28日电(记者邓仙来)乌克兰总统泽连斯基2月28日说,他不认为需要为当天早些时候在白宫面对媒体时与美国总统特朗普发生激烈争吵而向对方“道歉”。
尽管当天的争吵导致美乌双方取消原计划举行的联合记者会,也未按计划签署美乌矿产协议,泽连斯基晚些时候仍按原计划出现在美国福克斯新闻台的直播节目中并接受采访。
被问及是否会向特朗普“道歉”时,泽连斯基回答说:“不。我尊重(特朗普)总统,我尊重美国人民,我认为我们必须非常开放、非常真诚,而且我不认为我们做了什么坏事。”
泽连斯基说,乌方无论如何都会通过外交途径进行和平谈判,但谈判的目标应该是实现“正义和持久的和平”,且乌克兰必须以非常强有力的地位出现在谈判桌上。(完)
图说:2024年10月17日,在比利时布鲁塞尔,乌克兰总统泽连斯基在欧盟峰会上参加新闻发布会。新华社记者 赵丁喆 摄