Connect with us

North America

အမေရိကန်က နိုင်ငံပေါင်း ၄၀ ကျော်အပေါ် ဗီဇာကန့်သတ်ချက်များ လုပ်ဆောင်ရန် စဉ်းစားလျက်ရှိကြောင်း အမေရိကန်မီဒီယာများဖော်ပြ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)
ထရမ့်အစိုးရက နိုင်ငံပေါင်း ၄၃ နိုင်ငံမှ နိုင်ငံသားများအပေါ် ဗီဇာကန့်သတ်ချက်များ လုပ်ဆောင်ရန် စဉ်းစားလျက်ရှိပြီး ၎င်းအနက် အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား စသည့်နိုင်ငံသားများသည် လုံးဝ ဗီဇာရပ်တန့်ခံရခြင်း၊ ပြည်ဝင်ခွင့် တားမြစ်ခံရခြင်း ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန် “The New York Times” သတင်းစာ မတ် ၁၄ ရက် သတင်းဖော်ပြချက်အရ သိရသည်။

အမေရိကန် နိုင်ငံခြားရေးနှင့် လုံခြုံရေးအရာရှိများက နိုင်ငံများစာရင်းတစ်ခု ပြုစုထားကြောင်း၊ သက်ဆိုင်ရာနိုင်ငံမှ နိုင်ငံသားများ၏ အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာသည် မတူညီသောအတိုင်းအတာဖြင့် ကန့်သတ်ခြင်း ခံရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အဆိုပါစာရင်းတွင် အုပ်စုသုံးစု ခွဲထားကြောင်း၊ ပထမအုပ်စုတွင် အာဖဂန်နစ္စတန်၊ ဘူတန်၊ ကျူးဘား၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်၊ ဆီးရီးယား၊ ဗင်နီဇွဲလားနှင် ယီမင် စသည့်နိုင်ငံများပါဝင်ကြောင်း၊ ၎င်းနိုင်ငံသားများသည် အမေရိကန်သို့ ပြည်ဝင်မှုအား လုံးဝတားမြစ်ခံရမည်ဖြစ်ကြောင်း သိရသည်။ ဒုတိယအုပ်စုတွင်ပါဝင်သည့် ဘီလာရုစ်၊ အီရီထရီးယား၊ ဟေတီ၊ လာအို၊ မြန်မာ၊ ပါကစ္စတန်၊ ရုရှား၊ တောင်ဆူဒန်၊ တာ့ခ်မင်နစ္စတန် စသည့်နိုင်ငံများမှ နိုင်ငံသားများကမူ ရွှေ့ပြောင်းနေထိုင်ခြင်း သို့မဟုတ် ခရီးသွားလာမှုကို ကန့်သတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

တတိယအုပ်စုဝင်နိုင်ငံများတွင် အန်ဂိုလာ၊ ဘီနင်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများပါဝင်ကာ ၎င်းနိုင်ငံအစိုးရများသည် “ရက်ပေါင်း ၆၀ အတွင်း လိုအပ်ချက်များကို ကြိုးပမ်းဖြေရှင်းမှု မရှိပါက” ၎င်းနိုင်ငံသားများ၏ ဗီဇာကိုလည်း သက်ရောက်မှု ရှိလိမ့်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အထက်ပါနိုင်ငံမှ နိုင်ငံသားများက သက်ရောက်မှုခံရခြင်းရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ကိုင်ဆောင်ထားသည့် ဗီဇာသည် ထိုအကြောင်းကြောင့် ပယ်ဖျက်ခံရခြင်းရှိ၊ မရှိကို မသိရှိရသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှေ့သီတင်းပတ်အနည်းငယ်တွင် အဆိုပါနိုင်ငံများစာရင်းကို ပြုစုခဲ့ခြင်းဖြစ်ပြီး အိမ်ဖြူတော်သို့ မပို့ဆောင်မီ အပြောင်းအလဲဖြစ်နိုင်သေးကြောင်း အမည်မဖော်လိုသူ အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ထရမ့်က ယခုနှစ် ဇန်နဝါရီ ၂၀ ရက် ကျမ်းကျိန်သစ္စာဆို၍ စတင်တာဝန်ထမ်းဆောင်သည့်နေ့တွင်ပင် အမိန့်များ လက်မှတ်ရေးထိုး၍ “အချက်အလက် မပြည့်စုံသည့်နိုင်ငံများမှ နိုင်ငံသားများ ပြည်ဝင်ခွင့်အား တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝရပ်ဆိုင်းရန် အဆိုပါနိုင်ငံများအား စိစစ်စစ်ဆေးရန်” စာရင်းပြုစုခိုင်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း အိမ်ဖြူတော်ထံ အစီရင်ခံစာ တင်သွင်းရန် နိုင်ငံခြားရေးဝန်ကြီးဌာနအား တောင်းဆိုခဲ့သည်။ (Xinhua)

————————
(Chinese Version)
美媒:美考虑对40多国实施签证限制
新华社华盛顿3月14日电 美国《纽约时报》14日报道说,特朗普政府正考虑对43个国家的公民实施签证限制,其中,阿富汗、伊朗、叙利亚等国公民可能被全面暂停签证、禁止入境。
报道说,美外交和安全官员起草了一份国家列表,相关国家国民的美国签证将受到不同程度的限制。列表将国家分为三组,第一组包括阿富汗、不丹、古巴、伊朗、利比亚、索马里、苏丹、叙利亚、委内瑞拉和也门等国,其国民将被全面禁止入境。针对第二组国家白俄罗斯、厄立特里亚、海地、老挝、缅甸、巴基斯坦、俄罗斯、南苏丹、土库曼斯坦等国,限制其国民移民或旅游。第三组的国家包括安哥拉、贝宁、柬埔寨等国,如果其政府“不在60天内努力解决不足之处”,其国民签证也将受到影响。
报道说,目前尚不清楚上述国家国民是否已受到影响,或其所持签证是否将因此作废。报道还援引不具名官员的话说,美国国务院数周前起草了这一列表,在送到白宫之前还可能有变化。
特朗普今年1月20日就职当天曾签署行政令,要求国务院列出“审查和筛查信息不足的国家,以部分或全部暂停这些国家国民入境”,在60天内向白宫提交报告。(完)
图说:这是2023年1月20日在美国首都华盛顿拍摄的白宫。新华社记者刘杰摄