Connect with us

International Organizations

ယီမင်တွင် ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်၍ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန် ဂူတာရက်စ် တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ကုလသမဂ္ဂ)

ကုလသမဂ္ဂ၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံတွင် ဘက်ပေါင်းစုံက “အကြီးမားဆုံးအတိုင်းအတာဖြင့် ထိန်းသိမ်းလုပ်ဆောင်” ၍ “စစ်ရေးလှုပ်ရှားမှုအားလုံး” ရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၁၆ ရက်တွင် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါကြေညာချက်တွင် “အမေရိကန်က ညတွင်းချင်း ယီမင် ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသအပေါ် အကြိမ်များစွာ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရရှိသူတွေရှိကြောင်း ကျွန်တော်တို့ ဂရုပြုသတိထားမိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဟူသီလက်နက်ကိုင်များက ပင်လယ်နီရှိ သင်္ဘောများအပေါ် တိုက်ခိုက်တဲ့ ဆက်တိုက်ခြိမ်းခြောက်မှုတွေကို စိုးရိမ်ပူပန်တယ်” ဟု ဖော်ပြထားသည်။

“ဘယ်လို အရှိန်မြင့်တက်မှုမဆို ဒေသတွင်း တင်းမာတဲ့အခြေအနေအား ဆိုးရွားသွားစေပြီး မကောင်းတဲ့ လက်တုံ့ပြန်မှု သံသရာစက်ဝန်း ဖြစ်လာစေနိုင်ပါတယ်။ ဒါကလည်း ယီမင်နိုင်ငံနဲ့ ဒေသတွင်း တည်ငြိမ်မှုကို တစ်ဆင့်တိုးဖျက်ဆီးမှုဖြစ်စေကာ အဆိုပါနိုင်ငံရဲ့ ဆိုးရွားနေတဲ့ လူသားချင်းစာနာမှု အခြေအနေအတွက် ကြီးမားတဲ့အန္တရာယ် သယ်ဆောင်လာပေးနိုင်ပါတယ်” ဟုလည်း ကြေညာချက်က ဆိုထားသည်။

အမေရိကန်စစ်တပ်သည် မတ် ၁၅ ရက်မှစ၍ ယီမင်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၃ ဦး သေဆုံးပြီး အခြားလူ ၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်များက မတ် ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
古特雷斯呼吁各方在也门保持最大克制 停止军事活动
新华社联合国3月16日电(记者施春)联合国秘书长古特雷斯16日通过其发言人发表声明,呼吁各方在也门“保持最大限度克制”,停止“一切军事活动”。
声明说:“我们关切地注意到,美国连夜对也门胡塞武装控制区发动多次袭击,造成人员伤亡。我们也对胡塞武装持续威胁恢复对红海船只的袭击感到担忧。”
声明说:“任何进一步升级都可能加剧地区紧张局势,引发报复的恶性循环,这将进一步破坏也门及地区稳定,并为该国业已严峻的人道主义局势带来重大风险。”
也门胡塞武装16日发表声明说,美军自15日以来对也门的空袭已造成53人死亡,另有98人受伤。(完)
图说:2月28日,在位于纽约的联合国总部,联合国秘书长古特雷斯出席记者会。新华社发(联合国供图/曼努埃尔·伊莱亚斯摄)