Connect with us

Politics, Law & Military

အမျိုးသားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများ နှစ်သစ်ကူး မိန့်ခွန်းပြောကြား

-လွှတ်တော် ဥက္ကဋ္ဌများ နှစ်သစ်ကူး ဆုတောင်းစကားပြောကြားစဉ် (ဓာတ်ပုံ- သမ္မတရုံး)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

မြန်မာသက္ကရာဇ် ၁၃၈ဝ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ဧပြီလ ၁၇ ရက်နေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်များအနေဖြင့် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့ကို ဖော်ဆောင်ပေးမည့် ဥပဒေများရေးဆွဲပြဋ္ဌာန်းခြင်း၊ ခေတ်စနစ်နှင့် မလျော်ညီသည့် ဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကိုလည်း ပြည်သူများအကျိုးကို ရည်မျှော်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်များသည် မြန်မာနိုင်ငံဒီမိုကရေစီ ဖော်ဆောင်ရေးတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို တတ်နိုင်သမျှ စိစစ်ထိန်းညှိကာ တစ်နှစ်ထက်တစ်နှစ် ပိုပိုအားကောင်းထိရောက်ပြီး ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသော လွှတ်တော်ဖြစ်စေရေး၊ နိုင်ငံတော်နှင့် ပြည်သူလူထု အကျိုးစီးပွားအတွက် အားကိုးအားထားပြုရသော လွှတ်တော်ဖြစ်စေရေး တို့အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှစ်သစ်ကူး ဆုတောင်းတွင် ကတိပြုပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူပြည်သားများအနေနှင့် လည်း မိမိတို့လွှတ်တော်နှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွသ် ပူးပေါင်းပါဝင်နိုင်ကြပါစေ၊ အခြေခံလူ့အခွင့်အရေးများကိုလည်း ခံစားနိုင်ကြပါစေ၊ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းမှု၏ အသီးအပွင့်များကိုလည်း ခံစားနိုင်ကြပါစေ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ နိုင်ငံသူ နိုင်ငံသားများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း နှစ်သစ်ကူးဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.