Africa & Middle East
ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် အမိန့်ချမည်ဟု ထရမ့် ဆို

ရီယတ်၊ မေ ၁၄ ရက် (ဆင်ဟွာ)
ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရန် အမိန့်ချမည်ဟု ဆော်ဒီအာရေဗျနိုင်ငံသို့ ခရီးစဉ် ရောက်ရှိနေသည့် အမေရိကန် သမ္မတ ထရမ့်သည် မေ ၁၃ ရက်က ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်၌ အခမ်းအနားတက်ရောက်စဉ် ပြောကြားခဲ့သည်။
ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား Mohammed bin Salman၊ တူကီယဲ သမ္မတ အာဒိုဂန်တို့နှင့် ဆီးရီးယားအခြေအနေ ဆွေးနွေးမှုအပြီးတွင် ၎င်းအနေဖြင့် ဤသို့ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်ကြောင်း ထရမ့်က ဆိုသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယခုသီတင်းပတ်တွင် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ် Asaad al-Shaibani နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများအား ပယ်ဖျက်မည့် ထရမ့်၏ သဘောထားဖော်ပြမှုကို ကြိုဆိုကြောင်း၊ သက်ဆိုင်ရာ အစီအမံများက ဆီးရီးယား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် အကျိုးဖြစ်ထွန်းမည်ဟု ယူဆကြောင်း Asaad al-Shaibani က ယင်းနေ့တွင် ပြောကြားခဲ့သည်ဟု SANA သတင်းဌာန၏ သတင်းများအရ သိရသည်။ (Xinhua)
——————
(Chinese Version)
特朗普说将下令解除对叙利亚制裁
新华社利雅得5月13日电(记者罗晨 冀泽)正在沙特阿拉伯访问的美国总统特朗普13日在沙特首都利雅得出席活动时说,他将下令解除对叙利亚的制裁。
特朗普说,在与沙特王储穆罕默德·本·萨勒曼和土耳其总统埃尔多安讨论叙利亚局势后,他做出了这一决定。他还表示,美国国务卿鲁比奥本周将与叙利亚外交部门负责人希巴尼举行会晤。
据叙利亚通讯社报道,希巴尼当天表示,叙利亚欢迎特朗普有关解除对叙制裁的表态,认为相关举措将有助于叙利亚重建进程。(完)
1. 5月4日,美国总统特朗普(右)返回首都华盛顿白宫。新华社记者 胡友松 摄