Africa & Middle East
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုက အာဖရိကတိုက်၏ စိုက်ပျိုးရေးကဏ္ဍ ခေတ်မီအသွင်ပြောင်းမှုအတွက် လမ်းပြပေးလျက်ရှိ

နိုင်ရိုဘီ၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် မူဘောင်များအောက်တွင် တရုတ်-အာဖရိက လယ်ယာစိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုမှာ လွန်ခဲ့သောနှစ်များအတွင်း အကျိုးဖြစ်ထွန်းသော ရလဒ်များ ရရှိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် နည်းပညာလွှဲပြောင်းမှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု၊ အသုံးအဆောင်ပစ္စည်းများ အဆင့်မြှင့်တင်မှု၊ လုပ်ငန်းကွင်းဆက် ချဲ့ထွင်မှုမှတစ်ဆင့် အာဖရိက၏ လယ်ယာစိုက်ပျိုးရေး ကုန်ထုတ်စွမ်းအား၊ စဉ်ဆက်မပြတ် တိုးတက်မှုစွမ်းရည်များကို ထိထိရောက်ရောက် မြှင့်တင်ပေးခဲ့ပြီး အာဖရိကတိုက်၏ ခေတ်မီအသွင်ပြောင်းရေး ကြိုးပမ်းမှုအတွက် အားကောင်းသော အရှိန်အဟုန်များ ဖြည့်တင်းပေးလျက်ရှိသည်။
တရုတ်နိုင်ငံအနေဖြင့် ခေတ်မီအသွင်ပြောင်းမှု အကျိုးကျေးဇူးများကို ချဲ့ထွင်ရန်နှင့် တရုတ်-အာဖရိက စိုက်ပျိုးရေးကဏ္ဍ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်ကို ကြိုဆိုရန်အတွက် အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်မှု အဟန့်အတားများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ဆန်းသစ်တီထွင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်းအားဖြင့် အာဖရိက၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ခေတ်မီအသွင်ပြောင်းမှု အထောက်အကူပေးရေး အစီအစဉ်အား အပြည့်အဝ အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုလျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မျက်မှောက်ခေတ်တွင် တရုတ်နိုင်ငံ၏ စပ်မျိုးစပါးများကို အာဖရိကနိုင်ငံပေါင်း ၂၀ ကျော်သို့ မိတ်ဆက်ခဲ့ပြီးဖြစ်သည်။ တရုတ်-အာဖရိက စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း ရှိလာသည်နှင့်အမျှ အာဖရိကတိုက်တစ်လွှားတွင် အခြေတကျတည်ရှိနေသည့် တရုတ်နိုင်ငံ၏ အကူအညီပေးရေး စီမံကိန်းအရေအတွက် ပိုမိုများပြားလာခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေးအတွက် အားဖြည့်ပံ့ပိုးလျက်ရှိသလို အာဖရိက၏ စိုက်ပျိုးရေးကဏ္ဍကိုလည်း ခေတ်မီအသွင်ပြောင်းမှုဆီသို့ တွန်းအားပေးလျက်ရှိသည်။
တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး မျှော်မှန်းချက် ၂၀၃၅ ၏ ပထမသုံးနှစ်တာ လုပ်ငန်းစီမံချက်အရ တရုတ်နိုင်ငံသည် စိုက်ပျိုးရေးပညာရှင် ၅၀၀ ကျော် စေလွှတ်ကာ ပညာရှင် ၉,၀၀၀ နီးပါးကို လေ့ကျင့်သင်ကြားပေးခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အာဖရိကဒေသတွင် ၂၀၂၃ ခုနှစ်အထိ စိုက်ပျိုးရေးနည်းပညာ သရုပ်ပြစင်တာ ၂၄ ခု တည်ဆောက်ခဲ့ပြီးဖြစ်ကာ အဆင့်မြင့်နည်းပညာ ၃၀၀ ကျော်အတွက် ပံ့ပိုးပေးလျက်ရှိသည်။ ထိုသို့ ကြိုးပမ်းအားထုတ်မှုများကြောင့် ကောက်ပဲသီးနှံအထွက်နှုန်းမှာ ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး တစ်ပိုင်တစ်နိုင် လယ်လုပ်ငန်းလုပ်ကိုင်သူ တစ်သန်းကျော်အား အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း သိရသည်။ (Xinhua)

မက်ဒါဂတ်စကာနိုင်ငံ မာဟစ်စီမြို့၌ တရုတ်နိုင်ငံက ဖွင့်လှစ်ထားသော စပ်မျိုးစပါး သရုပ်ပြစင်တာအား ၂၀၂၅ ခုနှစ် မတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ ကွာဇူလူ-နာတာလ်ပြည်နယ်ရှိ ကြံစိုက်ခင်းအား တရုတ်နည်းပညာကုမ္ပဏီ XAG ထုတ် ဒရုန်းဖြင့် မှိုသတ်ဆေးဖျန်းနေပုံကို ၂၀၂၅ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………………………………………………………………………
(English Version)
China-Africa cooperation charts course for continental agricultural modernization
NAIROBI, May 18 (Xinhua) — Under the frameworks of the Forum on China-Africa Cooperation and the Belt and Road Initiative, China-Africa agricultural cooperation has yielded fruitful results in recent years.
Through technology transfer, infrastructure development, equipment upgrade and industrial chain expansion, China has substantially boosted Africa’s agricultural productivity and sustainable development capacities, injecting strong momentum into the continent’s modernization drive.
Moving forward, China is committed to fully implementing its plan to support Africa’s agricultural modernization, notably by tackling development bottlenecks and fostering innovative cooperation, so as to extend the benefits of modernization and usher in a new era of China-Africa agricultural partnership.
Today, Chinese hybrid rice has been introduced to over 20 African countries. As China-Africa agricultural cooperation deepens, a growing number of Chinese-aided projects have taken root across the continent, bolstering food security and nudging African agriculture toward modernization.
Under the first three-year action plan of the China-Africa Cooperation Vision 2035, China has dispatched over 500 agricultural experts and trained nearly 9,000 professionals. By 2023, China had built 24 agricultural technology demonstration centers in Africa, promoting over 300 advanced technologies. These efforts have increased crop yields by an average of 30-60 percent, benefiting over 1 million smallholder farmers.
English Caption 1
Chinese agricultural expert Hu Yuefang (1st R) inspects the growth of hybrid rice with local farmers in Mahitsy, Madagascar on March 25, 2025. (Xinhua/Li Yahui)
English Caption 2
This photo taken on March 26, 2025 shows a hybrid rice demonstration center launched by China in Mahitsy, Madagascar. (Xinhua/Li Yahui)
English Caption 3
A drone from Chinese tech firm XAG sprays fungicides above sugarcane fields in KwaZulu-Natal Province, South Africa on March 25, 2025. (Xinhua/Bai Ge)