Europe
အစ္စရေးက ဂါဇာဒေသ၌ စစ်ရေးလှုပ်ရှားမှု တိုးချဲ့ခြင်းအပေါ် ဗြိတိန်၊ ပြင်သစ်၊ ကနေဒါနိုင်ငံ ခေါင်းဆောင်များက “တုန်လှုပ်”

လန်ဒန်၊ မေ ၂၁ ရက် (ဆင်ဟွာ)
အစ္စရေးဘက်က လတ်တလောကာလအတွင်း ဂါဇာဒေသ၌ စစ်ရေးလှုပ်ရှားမှု တိုးချဲ့ခြင်းအပေါ် ဗြိတိန်၊ ပြင်သစ်၊ ကနေဒါနိုင်ငံ ခေါင်းဆောင်များက “တုန်လှုပ်” ကြကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမာက မေ ၂၀ ရက်တွင် ဗြိတိန်နိုင်ငံ လွှတ်တော်၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
ကီယာစတားမာက မိန့်ခွန်းပြောကြားရာတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရန် ဗြိတိန်၊ ပြင်သစ်၊ ကနေဒါနိုင်ငံ ခေါင်းဆောင်များက တိုက်တွန်းကြောင်း၊ ယင်းသည် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ကယ်ဆယ်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်ဟု ယူဆကြောင်း ထပ်မံအလေးထားပြောကြားခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ ပြည်သူများအပေါ် လူသားချင်းစာနာမှု အကူအညီများ တိုးချဲ့ရမည်ကိုလည်း အလေးအနက် ပြောကြားခဲ့သည်။
လတ်တလောရက်ပိုင်းတွင် အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်ခွင့်ပြုသည့် စားနပ်ရိက္ခာ ပမာဏသည် “များစွာမလုံလောက်” ကြောင်း၊ အဆိုပါစစ်ပွဲ အဆက်မပြတ်ဖြစ်ပွားနေသည်မှာ အလွန်ကြာနေပြီဖြစ်ကြောင်း၊ “ဂါဇာပြည်သူတွေ အငတ်ခံအောင် လုပ်ထားလို့မရ” ကြောင်း ကီယာစတားမာက ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လာမီက အောက်လွှတ်တော်၌ မိန့်ခွန်းပြောကြားရာတွင် အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသအား ပိတ်ဆို့ထားသဖြင့် ဗြိတိန်ဘက်က အစ္စရေးနှင့် လွတ်လပ်စွာကုန်သွယ်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုကို ရပ်တန့်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဗြိတိန်ဘက်ကလည်း ဗြိတိန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးကိုလည်း ဆင့်ခေါ်တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်၊ ပြင်သစ်နှင့် ကနေဒါနိုင်ငံခေါင်းဆောင်များသည် မေ ၁၉ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး အစ္စရေးက ဂါဇာကမ်းမြောင်ဒေသ၌ စစ်ရေးလှုပ်ရှားမှု တိုးချဲ့လုပ်ဆောင်ခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ အဆိုပါသုံးနိုင်ငံက အစ္စရေးအနေဖြင့် အသစ်တစ်ကြိမ် စစ်ရေးတိုက်ခိုက်မှုများ မရပ်တန့်သည့်အပြင် လူသားချင်းစာနာမှု အကူအညီများအပေါ် ကန့်သတ်ချက်များကို ဖယ်ရှားခြင်းမပြုပါက ၎င်းတို့သုံးနိုင်ငံက အသေးစိတ်အစီအမံများလုပ်ဆောင်၍ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၉ ရက် ထုတ်ပြန်သည့် အချက်အလက်များအရ အစ္စရေးဘက်က မတ် ၁၈ ရက်မှ စ၍ ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြားအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လူ ၃,၃၄၀ ထက်မနည်းသေဆုံး၍ ၉,၃၅၇ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂျာဘလီယာ ဒုက္ခသည်စခန်း၌ ရှာဖွေကယ်ဆယ်ရေးမြင်ကွင်းကို မေ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————–
(Chinese Version)
英法加领导人对以色列扩大加沙军事行动“感到震惊”
新华社伦敦5月20日电(记者郑博非 金晶)英国首相斯塔默20日在英国议会演讲时表示,英国、法国和加拿大领导人对以色列近期扩大在加沙地带的军事行动“感到震惊”。
斯塔默在演讲中重申,英、法、加三国领导人呼吁立即实现停火,认为这是解救被扣押人员的唯一途径,并强调必须加大对加沙地带民众的人道主义援助。
斯塔默说,近几日以色列允许进入加沙地带的食品数量“严重不足”。他说,这场战争已持续太久,“不能任由加沙人民挨饿”。
同一天,英国外交大臣拉米在议会下院发表讲话说,由于以色列封锁加沙地带,英国已暂停与以色列的自由贸易谈判。此外,英方召见了以色列驻英大使。
英国、法国和加拿大19日发表联合声明,强烈反对以色列扩大在加沙地带的军事行动。三国表示,如果以色列不停止新一轮军事进攻并解除对人道主义援助的限制,三国将采取具体措施予以回应。
根据巴勒斯坦加沙地带卫生部门19日发布的数据,自3月18日以来,以色列对加沙地带多地发动袭击,已造成至少3340人死亡、9357人受伤。(完)
图说1:5月16日,在加沙地带北部杰巴利耶难民营,人们查看以军袭击后的建筑废墟。新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:这是5月18日在加沙地带北部杰巴利耶难民营拍摄的搜救现场。新华社发(阿卜杜勒拉赫曼·萨拉马摄)