Africa & Middle East
အမေရိကန်နှင့် ၅ ကြိမ်မြောက် ကြားခံတွေ့ဆုံဆွေးနွေးပွဲတက်ရန် အီရန် သဘောတူ

တီဟီရန်၊ မေ ၂၃ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘဂါအီက အီရန်အနေဖြင့် မေ ၂၃ ရက်၌ အီတလီနိုင်ငံ မြို့တော်ရောမတွင် ကျင်းပရန်စီစဉ်ထားသည့် ၅ ကြိမ်မြောက် အီရန်-အမေရိကန် ကြားခံတွေ့ဆုံဆွေးနွေးပွဲတက်ရန် သဘောတူကြောင်း ကြေညာခဲ့သည်ဟု အီရန် အစိုးရသတင်းဌာန (IRNA) ၏ မေ ၂၁ ရက် ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။
အီရန်စေ့စပ်ညှိနှိုင်းရေးအဖွဲ့ငယ်သည် အီရန်၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို မမှိတ်မသုန် အခိုင်အမာကာကွယ်ရန် သန္နိဋ္ဌာန်ချထားသလို ယူရေနီယံ သန့်စင်မှု အခွင့်အရေးနှင့် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေး အပါအဝင် ကိစ္စရပ်များတွင် “အစွမ်းကုန်” ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဘဂါအီက ပြောကြားခဲ့သည်။
အမေရိကန်ဘက်က “၁ ရာခိုင်နှုန်းပဲရှိတဲ့ ယူရေနီယံ သန့်စင်မှုတောင် (အီရန်ပိုင်ဆိုင်တာ) ကို ခွင့်ပြုမှာ မဟုတ်ဘူး” ဆိုတာ အတိအလင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က မကြာသေးမီ အမေရိကန် မီဒီယာ၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
အီရန်၏ ယူရေနီယံ သန့်စင်မှု ပြုလုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟူသော အမေရိကန် ကိုယ်စားလှယ်၏ ပြောကြားချက်သည် ကြီးမားသော မှားယွင်းမှုတစ်ခုဖြစ်ကြောင်း၊ အီရန်အနေဖြင့် ၎င်း၏ ယူရေနီယံ သန့်စင်ခွင့်အတွက် မည်သူ၏ ခွင့်ပြုချက်မျှ မလိုအပ်ကြောင်း အီရန် ထိပ်တန်းခေါင်းဆောင် ခါမေနီက မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်သည် ဧပြီ ၁၂ ရက်က အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် ပထမအကြိမ် ကြားခံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းမှာ ၂၀၁၈ ခုနှစ် မေလတွင် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ် နုတ်ထွက်ပြီးနောက် နှစ်ဖက်၏ ပထမဆုံးအကြိမ် တရားဝင် စေ့စပ်ညှိနှိုင်းမှုဖြစ်သည်။ ထို့နောက် နှစ်နိုင်ငံသည် ဧပြီ ၁၉ ရက်၊ ဧပြီ ၂၆ ရက်နှင့် မေ ၁၁ ရက်တို့တွင် ကြားခံတွေ့ဆုံဆွေးနွေးမှု သုံးကြိမ်လုပ်ဆောင်ခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
伊朗同意参加与美国第五轮间接会谈
新华社德黑兰5月22日电(记者陈霄 沙达提)伊朗伊斯兰共和国通讯社21日晚报道,伊朗外交部发言人巴加埃宣布,伊朗已同意参加定于23日在意大利首都罗马举行的第五轮伊朗与美国间接会谈。
巴加埃说,伊朗谈判小组决心坚定不移地捍卫伊朗的权利和利益,将在争取包括浓缩铀权利和解除制裁方面“不遗余力”。
美国中东问题特使威特科夫近日在接受美国媒体采访时说,美方非常明确,“不允许(伊朗拥有)哪怕1%的铀浓缩能力”。伊朗最高领袖哈梅内伊20日表示,美方代表声称不允许伊朗进行铀浓缩,这是一个重大错误。伊朗不需要任何方面对其铀浓缩权利的许可。
伊朗与美国4月12日在阿曼首都马斯喀特举行首轮间接会谈,这是自2018年5月美国单方面退出伊核协议后双方首次正式谈判。此后,双方分别于4月19日、4月26日和5月11日举行了3轮间接会谈。(完)
图说:4月21日,伊朗外交部发言人巴加埃在德黑兰出席新闻发布会。新华社记者沙达提摄