Connect with us

China

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုက ဇန်နဝါရီလမှ မေလအတွင်း ၃.၇ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝူဟိုင်မြစ်ဝါတံတားကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၅ ခုနှစ် ပထမငါးလတာကာလအတွင်း ယမန်နှစ် ကာလတူထက် ၃.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဇွန် ၁၆ ရက်ထုတ် တရားဝင်အချက်အလက်များက ဖော်ပြထားသည်။
အိမ်ခြံမြေကဏ္ဍမှလွဲ၍ တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် အလားတူကာလကထက် ၇.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ထံမှ သိရသည်။
အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ယခင်နှစ် ကာလတူထက် ၅.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စက်မှုကုန်ချောကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကလည်း ၈.၅ ရာခိုင်နှုန်း ပိုများလာခဲ့သည်။
နည်းပညာမြင့်ကဏ္ဍတွင်ကြည့်ပါက သတင်းအချက်အလက်ဝန်ဆောင်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုမှာ ၄၁.၄ ရာခိုင်နှုန်း၊ လေကြောင်း၊ အာကာယာဉ်၊ စက်ယန္တရားထုတ်လုပ်ရေး၌ ရင်းနှီးမြှုပ်နှံမှုမှာလည်း ၂၄.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ကွန်ပျူတာနှင့် ရုံးပိုင်းဆိုင်ရာစက်ကိရိယာ ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမှာ ၂၁.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သလို ကျွမ်းကျင်နည်းပညာဝန်ဆောင်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၁၁.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလအတွင်း တရုတ်နိုင်ငံ၏ တန်ဖိုးမြင့်စက်မှုလုပ်ငန်းထုတ်လုပ်မှုပမာဏမှာ ယမန်နှစ် ကာလတူထက် ၅.၈ ရာခိုင်နှုန်းကျော်၊ စားသုံးမှုငွေကြေးသုံးစွဲရာတွင် အဓိကအညွှန်းကိန်းဖြစ်သော စားသုံးသူကုန်စည်များ လက်လီရောင်းအားက ယခင်နှစ် အလားတူကာလထက် ၆.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ မြို့ပြအလုပ်လက်မဲ့နှုန်းမှာလည်း မေလအတွင်း ၅ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း ဇွန် ၁၆ ရက်ထုတ်အချက်အလက်များ၌ ဖော်ပြထားသည်။
မေလအတွင်း မူဝါဒပံ့ပိုးမှုများ ဆက်လက်အသက်ဝင်လျက်ရှိရာ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယေဘုယျအားဖြင့် ဆက်လက်တည်ငြိမ်နေပြီး ကြံ့ကြံ့ခံနိုင်မှုနှင့် စွမ်းအား ထင်ရှားပေါ်လွင်လျက်ရှိကြောင်း NBS က ဆိုသည်။
ထို့ပြင် ပြင်ပမရေရာမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သဖြင့် ပြည်တွင်းဝယ်လိုအားနှင့် တိုးတက်မှုအရှိန်အဟုန် အားကောင်းရန် လိုအပ်နေသေးကြောင်း၊ စဉ်ဆက်မပြတ် ကောင်းမွန်မှုရှိစေရေးအတွက် အုတ်မြစ်ခိုင်မာတောင့်တင်းမှုရှိစေရန် ထပ်မံကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း NBS က သတိပေးပြောကြားခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China’s fixed-asset investment up 3.7 pct in Jan-May
BEIJING, June 16 (Xinhua) — China’s fixed-asset investment went up 3.7 percent year on year in the first five months of 2025, official data showed Monday.
Excluding the property sector, the country’s fixed-asset investment grew 7.7 percent year on year during this period, according to the National Bureau of Statistics (NBS).
Infrastructure investment rose 5.6 percent year on year, while manufacturing investment increased 8.5 percent.
In the high-tech sector, investment in information services surged 41.4 percent, while investment in aviation, spacecraft, and equipment manufacturing increased 24.2 percent. Investment in computer and office equipment manufacturing grew 21.7 percent, and professional technical services investment rose 11.9 percent.
Monday’s data also showed that China’s value-added industrial output expanded 5.8 percent year on year in May, while retail sales of consumer goods, a key indicator of the country’s consumption strength, expanded 6.4 percent year on year. The average urban unemployment rate in China dropped to 5 percent in May.
In May, with supportive policies continuing to take effect, China’s economy remained generally stable, which underscores its resilience and dynamism, said the NBS.
The NBS also warned that, as external uncertainties persist, domestic demand and growth momentum need to be strengthened, and further efforts should be made to consolidate the foundation for a sustained recovery.
Photo: An aerial drone photo shows the construction site of the Wuhai Yellow River grand bridge in north China’s Inner Mongolia Autonomous Region, June 6, 2025. (Xinhua/Lian Zhen)