North America
သီတင်းပတ် နှစ်ပတ်က အီရန်အတွက်ပေးသည့် “အကြာဆုံး” အချိန်ကာလဖြစ်ကြောင်း ထရမ့် ဆို

နယူးယောက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က သီတင်းပတ် နှစ်ပတ်သည် အမေရိကန်၏ စစ်ရေးတိုက်ခိုက်မှုအား အီရန် ရှောင်ကြဉ်ရန် ၎င်းပေးထားသည့် “အကြာဆုံး” အချိန်ကာလဖြစ်ကြောင်း ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောဆိုချက်သည် ထရမ့်က အချိန်နှစ်ပတ်မတိုင်မီအတွင်း၌ အီရန်အား လေကြောင်းတိုက်ခိုက်မည်၊ မတိုက်ခိုက်မည်ကို ဆုံးဖြတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြောကြားနေခြင်းဖြစ်သည်ဟု အမေရိကန် မီဒီယာများက သတင်းဖော်ပြကြသည်။
ထရမ့်သည် ထိုနေ့တွင် နယူးဂျာစီပြည်နယ်၌ နိုင်ငံရေးရန်ပုံငွေစုဆောင်းသည့် အခမ်းအနားတစ်ခုကို မတက်ရောက်မီ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ထရမ့်အနေဖြင့် “လာမည့် သီတင်းပတ် နှစ်ပတ်အတွင်း” အမေရိကန်စစ်တပ်က အီရန်အပေါ် တိုက်ခိုက်မှုလုပ်ဆောင်ရန်အတွက် အမိန့်ချ၊ မချအား ဆုံးဖြတ်သွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ ယင်းသည် ထရမ့်က တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုဖြင့် အစ္စရေးနှင့် အီရန် စစ်ရေးပဋိပက္ခအား အဆုံးသတ်ရန်အတွက် သီတင်းပတ်နှစ်ပတ် အချိန်ကာလတစ်ခု ပေးလိုက်ခြင်းဖြစ်သည်ဟု နိုင်ငံတကာမီဒီယာများက ယူဆကြသည်။
ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ချိန်တွင် အစ္စရေးနှင့် အီရန် အပစ်အခတ်ရပ်စဲမှုအား ထောက်ခံပေးမည်လောဟု မီဒီယာသတင်းထောက်များ၏ မေးမြန်းမှုကို ထရမ့်က “အခြေအနေအရ” ထောက်ခံပေးကောင်း ပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။ သို့သော် တစ်ချိန်တည်းတွင် ၎င်းက အီရန်အပေါ် အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်ရန် တောင်းဆိုမှုသည် “အလွန်ခက်ခဲ” သည်ဟုလည်း ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တမ်မီ ဘရုစ်စ်က ထရမ့်အနေဖြင့် “ဆွေးနွေးညှိနှိုင်းမှုအပေါ် မျှော်လင့်ချက်ရှိနေဆဲ” ဖြစ်ကြောင်း၊ သို့သော် အမေရိကန်နှင့် အီရန်တို့ အီရန် နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်နိုင်ရန် အမေရိကန်အစိုးရက အီရန်နှင့် အစ္စရေး အပစ်အခတ်ရပ်စဲမှုအား တွန်းအားပေးဖော်ဆောင်မည်လောဟူသည်ကိုမူ ၎င်းအနေဖြင့် “ခန့်မှန်း၍မရ” ကြောင်း ဇွန် ၂၀ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
အီရန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများ၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်တို့သည် ဇွန် ၂၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဥရောပဘက်က အီရန်ကို အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ရန် တောင်းဆိုခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီက အစ္စရေးက “ကျူးကျော်မှုကို ရပ်တန့်” မှသာလျှင် အီရန်က သံတမန်နည်းလမ်းဖြင့် အီရန်နျူကလီးယားအရေးဖြေရှင်းမှုကို ပြန်လည် စဉ်းစားသွားမည်ဖြစ်ကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
特朗普:两周是给伊朗的“最长”期限
新华社纽约6月20日电 美国总统特朗普20日表示,两周是他给伊朗避免美国军事打击的“最长”期限。美国媒体报道说,这番话暗示,特朗普可能会在不到两周的时间内决定是否空袭伊朗。
特朗普是当天在新泽西州参加一场政治筹款活动前发表上述言论的。白宫新闻秘书莱维特19日说,特朗普将在“接下来两周内”决定是否下令美军对伊朗发动打击。国际媒体以为,这是特朗普给通过谈判结束以色列与伊朗军事冲突提供了一个两周的窗口期。
在被媒体记者问及是否会在谈判进行时支持以色列与伊朗停火,特朗普说,或许会“视情况”支持。但他同时表示,要求以色列停止空袭伊朗“非常困难”。
美国国务院发言人塔米·布鲁斯20日在一场记者会上说,特朗普“依旧对谈判寄予希望”,但她“无法推测”美国政府是否会促成伊朗与以色列停火,以便美伊就伊朗核问题恢复谈判。
伊朗与英国、法国、德国外交部长及欧盟代表20日在瑞士日内瓦举行会谈。欧洲方面要求伊朗就伊核问题与美国恢复谈判。伊朗外长阿拉格齐重申,只有以色列“停止侵略”,伊朗才会再次考虑通过外交途径解决伊核问题。(完)
图说:6月20日,美国总统特朗普在华盛顿白宫走向南草坪准备登机。新华社记者 胡友松 摄