Connect with us

International Organizations

စတုတ္ထအကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံက ရေရှည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုအပေါ် အာရုံစိုက်

စပိန်နိုင်ငံ ဆီဗီလာမြို့တွင် စတုတ္ထအကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံ ကျင်းပရာနေရာအား ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပိန်(ဆီဗီလာ) ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ၏ စတုတ္ထအကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံကို ဇွန် ၃၀ ရက်က စပိန်နိုင်ငံ တောင်ပိုင်းမြို့ဖြစ်သော ဆီဗီလာတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။ နိုင်ငံအသီးသီးမှ အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်း၊ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ကုန်သည်စက်မှုအသိုင်းအဝိုင်း၊ အရပ်ဘက်အဖွဲ့အစည်း စသည့် ကိုယ်စားလှယ်များက ရေရှည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အာရုံစိုက်ခဲ့ကြပြီး ဖြေရှင်းရေးနည်းလမ်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

လက်ရှိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ငွေကြေးထောက်ပံ့မှု လိုအပ်ချက်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ထရီလီယံအထိ ရှိကြောင်း ကုလသမဂ္ဂ အချက်အလက်များတွင် ဖော်ပြထားသည်။ ဤကဲ့သို့ နောက်ခံအခြေအနေတွင် ယခုအကြိမ်ညီလာခံသည် အဓိက ရည်မှန်းချက် ၂ ချက်ရှိသည်။ ပထမအချက်မှာ လက်တွေ့သက်ရောက်မှုကို လမ်းညွှန်မှုအနေဖြင့် ကြီးမားသောငွေကြေးအရင်းအနှီးများ မြှုပ်နှံရန် စည်းရုံးခြင်း၊ ဒုတိယအချက်မှာ နိုင်ငံတကာဘဏ္ဍာရေးစနစ်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ကာ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ခြင်းနှင့် တရားမျှတသော ကမ္ဘာ့ပူးပေါင်းဆောင်ရွက်မှုကို အာမခံခြင်း ဖြစ်သည်။

ညီလာခံ ဖွင့်ပွဲအစီအစဉ်တွင် ညီလာခံ ဥက္ကဋ္ဌ၊ ကြီးမှူးကျင်းပနိုင်ငံဖြစ်သော စပိန်နိုင်ငံ၏ ဝန်ကြီးချုပ် Pedro Sánchez က လက်ရှိ ကမ္ဘာ့အခင်းအကျင်းတွင် အားလုံးပါဝင်မှု၊ ခိုင်မာအားကောင်းသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒသည် အထူး မဖြစ်မနေလိုအပ်ကြောင်း၊ ကုလသမဂ္ဂသည် ပင်မနေရာတွင် ရှိသင့်ကြောင်း အမှာစကား၌ ပြောကြားခဲ့သည်။ ကြွေးကြော်သံများကို လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲကာ စည်းလုံးညီညွတ်မှုဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်၊ ဆွေးနွေးမှုမှတစ်ဆင့် ယုံကြည်မှုကို မြှင့်တင်ရန် ၎င်းက ညီလာခံတက်ရောက်လာသော ကိုယ်စားလှယ်များအား တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးပုံနှစ်ပုံသည် လက်တွေ့တိုးတက်မှုထက် နောက်ကျလျက်ရှိကြောင်း၊ ယခုအကြိမ်ညီလာခံအား ကဏ္ဍ ၃ ခုတွင် လုပ်ဆောင်မှုများဖြစ်မည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ ငွေအရင်းအနှီးစီးဆင်းမှု အရှိန်မြှင့်ရန်၊ နိုင်ငံတကာ ကြွေးမှီစနစ် ပြုပြင်ပြောင်းလဲရန်၊ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ပါဝင်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အမှာစကား၌ ပြောကြားခဲ့သည်။
ညီလာခံသည် ဇူလိုင် ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲနေ့တွင် အစိုးရများအကြား ညှိနှိုင်းကာ သဘောတူညီမှုရရှိထားသော အောင်မြင်မှုစာတမ်း “ဆီဗီလာကတိကဝတ်” ကို အတည်ပြုမည်ဟု ခန့်မှန်းထားသည်။

ယင်းသည် ကုလသမဂ္ဂက ၁၀ နှစ်ကြာပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံ ထပ်မံကျင်းပခြင်းဖြစ်သည်။ ပထမအကြိမ် ညီလာခံသည် ၂၀၀၂ ခုနှစ် မော်စကိုနိုင်ငံ Monterrey မြို့တွင် ကျင်းပခဲ့ရာ ကုလသမဂ္ဂက ဖွံ့ဖြိုးတိုးတက်ရေး ငွေကြေးထောက်ပံ့မှု လုပ်ငန်းစဉ်အား တရားဝင်စတင်လိုက်ခြင်း အမှတ်သင်္ကေတဖြစ်သည်။ ၂၀၀၈ ခုနှစ် နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းပြီးနောက် ဖွံ့ဖြိုးတိုးတက်ရေး ငွေကြေးထောက်ပံ့မှုကိစ္စရပ် နောက်ဆက်တွဲ နိုင်ငံတကာ ညီလာခံကို ထိုနှစ်တွင် ကာတာနိုင်ငံ ဒိုဟာတွင် ကျင်းပခဲ့သည်။ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် အတည်ပြုသည့်ကာလတွင် တတိယအကြိမ်မြောက် ညီလာခံကို အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့၌ ကျင်းပခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဆီဗီလာမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ နိုင်ငံတကာ ညီလာခံ ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………..
(Chinese Version)
第四次发展筹资问题国际会议聚焦可持续发展筹资
新华社西班牙塞维利亚6月30日电(记者乔本孝 胡加齐)联合国第四次发展筹资问题国际会议6月30日在西班牙南部城市塞维利亚开幕。各国政府、国际组织、金融机构、工商业界及民间团体等代表聚焦可持续发展筹资问题,商讨解决方案。
联合国数据显示,当前全球可持续发展筹资缺口达每年4万亿美元。在此背景下,本次会议有两个主要目标:一是以实际影响为导向,撬动大规模资金投入;二是改革国际金融体系,以应对新挑战,确保公正的全球合作。
在会议开幕环节,会议主席、主办国西班牙首相桑切斯致辞表示,当前世界格局下,包容、强劲的多边主义尤为必要,联合国应处于核心地位。他呼吁与会代表将口号化为行动,用团结应对分歧,以对话增进信任。
联合国秘书长古特雷斯致辞表示,三分之二的联合国可持续发展目标正落后于实现进度,本次会议将在三方面采取行动:加快资金流通,改革国际债务体系,提高发展中国家在国际金融体系机构的参与度。
会议将持续至7月3日,闭幕当天预计将通过政府间协商一致的成果文件《塞维利亚承诺》。
这是联合国时隔10年再次举办发展筹资问题国际会议。首次会议于2002年在墨西哥蒙特雷举行,标志着联合国正式启动发展筹资进程。2008年国际金融危机后,发展筹资问题后续国际会议当年在卡塔尔多哈举行。2015年,联合国可持续发展目标确立同期,第三次会议在埃塞俄比亚亚的斯亚贝巴举行。(完)
图说1:这是6月30日在西班牙塞维利亚拍摄的联合国第四次发展筹资问题国际会议开幕式现场。新华社记者 李京 摄
图说2:6月30日,在西班牙塞维利亚,联合国秘书长古特雷斯在联合国第四次发展筹资问题国际会议开幕式上致辞。新华社记者 李京 摄