Africa & Middle East
ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင်က လက်နက်ဖျက်သိမ်းရန် တိုက်တွန်းမှုများကို ပယ်ချ၊ အစ္စရေးအား ဆက်လက် ခုခံတွန်းလှန်မည်ဟု ကတိပြု

ဘေရွတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)
လက်ဘနွန် လက်နက်ကိုင်အဖွဲ့ ဖြစ်သော ဟစ်ဇ်ဘိုလာအဖွဲ့ ခေါင်းဆောင် နာအင်း ကက်ဆမ်က လက်နက်ဖျက်သိမ်းရန် တိုက်တွန်းမှုများကို ဇူလိုင် ၆ ရက်၌ ပြတ်ပြတ်သားသား ပယ်ချလိုက်ပြီး အစ္စရေးအား ခုခံတွန်းလှန်ခြင်းမှာ လက်ဘနွန်အတွက် ရှောင်လွှဲ၍မရသော တာဝန်တစ်ရပ်အဖြစ် ဆက်ရှိနေသည်ဟု အတိအလင်းပြောကြားခဲ့သည်။
အာရှူရာနေ့ အောက်မေ့ဖွယ်အချိန်အခါ၌ မိန့်ခွန်းပြောကြားရာတွင် ကက်ဆမ်က နိုင်ငံအား ကာကွယ်ရန် မည်သူ၏ ခွင့်ပြုချက်ကိုမျှ မလိုအပ်ဟု အလေးအနက်ပြောကြားခဲ့ပြီး ဟစ်ဇ်ဘိုလာအား လက်နက်ချရန် တိုက်တွန်းမှုများကိုလည်း ပယ်ချခဲ့သည်။
“အစ္စရေးရဲ့ သိမ်းပိုက်မှုကို အဆုံးသတ်ရပါမယ်။ ကျွန်တော်တို့အနေနဲ့ အဲဒါကို ခုခံတွန်းလှန်ပြီး ကြံ့ကြံ့ခံရင်ဆိုင်ရပါမယ်” ဟု ကက်ဆမ်က ပြောကြားခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟစ်ဇ်ဘိုလာအား လက်နက်ဖျက်သိမ်းရန် တိုက်တွန်းနေသည့် ဝေဖန်ပြောဆိုသူများနှင့် စပ်လျဉ်း၍ ပြောကြားရာတွင်လည်း ၎င်းက မိမိနေအိမ်အား ကျူးကျော်လာသူကို ခုခံကာကွယ်သည့် အခြေအနေနှင့် နှိုင်းယှဉ်ဥပမာပေးခဲ့ပြီး ချက်ချင်းလက်ငင်း ကာကွယ်ခြင်းမှာ လုပ်ပိုင်ခွင့်ဖြစ်ပြီး အထူးအခွင့်အရေးမဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ကိုယ့်အိမ်ကို ကျူးကျော်တိုက်ခိုက်ခံရပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ခွင့်ပြုချက်ကို စောင့်နေဦးမှာလား။ ခုခံကာကွယ်ဖို့အတွက် ခွင့်ပြုချက်မလိုအပ်ပါဘူး” ဟု ၎င်းက ဆိုသည်။
အစ္စရေး၏ ကျူးကျော်ရန်စမှုကို မသိကျိုးကျွန်ပြုလျက် လက်ဘနွန်ပြည်သူများအား လက်နက်ချရန် ဖိအားပေးနေသူများကိုလည်း ကက်ဆမ်က ပြစ်တင်ရှုတ်ချခဲ့သည်။
“ကိုယ့်နိုင်ငံသားတွေကို အညံ့ခံဖို့ မတိုက်တွန်းဘဲ ရန်သူတွေ ဆုတ်ခွာသွားဖို့ပဲ တိုက်တွန်းပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အတူ ဟစ်ဇ်ဘိုလာ၏ ရပ်တည်မှုကို ဖျက်လိုဖျက်ဆီးလုပ်ရန်အတွက် ပြည်ပအထောက်အပံ့ ရယူရန် ကြိုးပမ်းနေသည့် လက်ဘနွန် နိုင်ငံရေးအုပ်စုများကို ၎င်းက ထပ်မံသတိပေးခဲ့ပြီး ထိုသို့သော ကြိုးပမ်းမှုများမှာ အောင်မြင်လိမ့်မည်မဟုတ်ဟု အခိုင်အမာပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Hezbollah leader rejects calls to disarm, vows continued resistance against Israel
BEIRUT, July 6 (Xinhua) — Hezbollah leader Naim Qassem on Sunday firmly rejected calls for the Lebanese armed group to disarm, declaring that resistance against Israel remains an unavoidable duty for Lebanon.
Speaking on the occasion of Ashoura Day, Qassem emphasized that defending the country does not require anyone’s permission and dismissed calls for Hezbollah to lay down its arms.
“This (Israeli) occupation must end. We must resist it, we must confront it,” Qassem was quoted as saying in a statement released by Hezbollah.
Addressing critics who urge Hezbollah to disarm, he compared the situation to defending one’s home against an intruder, saying immediate defense is a right, not a privilege.
“Do you wait for permission to defend yourself when attacked at home? Defense doesn’t need authorization,” he said.
Qassem also condemned those who pressure Lebanese citizens to surrender their weapons while ignoring Israeli aggression.
“Demand the enemy’s withdrawal, not your citizens’ surrender,” he said.
He further warned Lebanese political factions against seeking foreign support to undermine Hezbollah’s position, asserting that such attempts will fail.
English Caption
A screen shows Hezbollah’s new leader Sheikh Naim Qassem delivering a televised speech on Oct. 30, 2024. (Xinhua/Bilal Jawich)