Connect with us

North America

အမေရိကန်က နိုင်ငံတစ်ဝန်း ပညာသင်ကြားပေးသူများအား မျက်နှာမူသည့် ပထမဆုံး AI လမ်းညွှန်မှု အကယ်ဒမီ တည်ထောင်မည်

အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်တွင်ကျင်းပသော အသုံး‌ပြုသူ အီလက်ထရွန်းနစ်ပြပွဲ (CES) ၌ လာရောက်လေ့လာကြည့်ရှုနေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန် ဆရာများအသင်းချုပ် (AFT) သည် Microsoft ၊ Open AI နှင့် Anthropic ကုမ္ပဏီ ၃ ခုနှင့် ပူးပေါင်း၍ ယခုနှစ်ဆောင်းဦးရာသီတွင် ဉာဏ်ရည်တု (AI) လမ်းညွှန်မှုဆိုင်ရာ အမျိုးသား အကယ်ဒမီ တည်ထောင်ကာ ဆရာ၊ ဆရာမများအား AI လေ့ကျင့်ရေးနှင့် သင်ခန်းစာများ အခမဲ့ပံ့ပိုးပေးမည်ဖြစ်ကြောင်း AFT က ဇူလိုင် ၈ ရက်တွင် ကြေညာခဲ့သည်။အဆိုပါအကယ်ဒမီအသစ်သည် မူကြိုမှ အထက်တန်းအဆင့် သင်ကြားပေးနေသော ဆရာ၊ ဆရာမများကို ဦးစားပေး၍ အွန်လိုင်းနှင့် အော့ဖ်လိုင်း လေ့ကျင့်မှုများ လုပ်ဆောင်ပေးမည်ဖြစ်ပြီး ၅ နှစ်အတွင်း ဆရာ၊ ဆရာမပေါင်း ၄၀၀,၀၀၀ လေ့ကျင့်ပေး၍ ကျောင်းသား၊ ကျောင်းသူပေါင်း ၇.၂ သန်းကျော်ကို အကျိုးပြုရန် ရည်ရွယ်ထားသည်။ လေ့ကျင့်ပေးမည့်အကြောင်းအရာများတွင် AI နည်းပညာ အခြေခံသီအိုရီ၊ လုံခြုံရေးကျင့်ဝတ်စံနှုန်း၊ သင်ကြားမှုနည်းလမ်း စသည်တို့ပါဝင်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီ ၃ ခုသည် စုစုပေါင်း ကန်ဒေါ်လာ ၂၃ သန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ Microsoft သည် အဓိက ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အနေဖြင့် ၅ နှစ်အတွင်း ကန်ဒေါ်လာ ၁၂.၅ သန်း ကူညီပံ့ပိုးပေးကာ Open AI က အရင်းအနှီးငွေ ကန်ဒေါ်လာ ၈ သန်းနှင့် ကန်ဒေါ်လာ ၂ သန်း တန်ဖိုးရှိသည့် နည်းပညာအရင်းအမြစ် ပံ့ပိုးပေးပြီး Anthropic ကုမ္ပဏီကမူ ပထမနှစ်တွင် ကန်ဒေါ်လာ ၅၀၀,၀၀၀ လှူဒါန်းငွေ ပေးအပ်သွားမည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြကြသည်။
AFT သည် အမေရိကန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဆရာ၊ ဆရာမများသမဂ္ဂအဖွဲ့ဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၁.၈ သန်း ရှိသည်။ AFT ဥက္ကဋ္ဌ Randi Weingarten က “ဉာဏ်ရည်တု (AI) ရဲ့ အနာဂတ်အလားအလာက ကျယ်ပြန့်သလို ကြီးမားတဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ပညာသင်ကြားပေးသူအနေနဲ့ ကျွန်မတို့ရဲ့တာဝန်က AI က ကျောင်းသား၊ ကျောင်းသူနဲ့ လူမှုအသိုက်အဝန်းကို ဝန်ဆောင်မှုပေးတာကို အာမခံပေးဖို့ပါ ပြောင်းပြန်ဖြစ်ဖို့ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

Microsoft ဥက္ကဋ္ဌ Brad Smith က ဆရာ၊ ဆရာမများက AI ဖော်ဆောင်မှုနဲ့ အသုံးပြုမှုအပိုင်းမှာ ကြီးမားတဲ့ ပြောဆိုခွင့်ရှိအောင် အာမခံပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“(AFT နဲ့) ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးက ဆရာ၊ ဆရာမတွေ AI ကို ဘယ်လိုကောင်းကောင်း အသုံးပြုဖို့ သင်ယူရာမှာ ကူညီပေးနိုင်မယ့်အပြင် သူတို့က သိပ္ပံနည်းပညာကုမ္ပဏီတွေကို ဘယ်လိုဖန်တီးမှ ကလေးတွေအတွက် AI နဲ့ ပိုကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်မလဲဆိုတာ ပြောကြားပေးဖို့ အခွင့်အရေးလည်း ရှိလာစေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှု အဖွဲ့အစည်းဖြစ်သည့် Gallup ကုမ္ပဏီ၏ နောက်ဆုံး စစ်တမ်းကောက်ယူမှုအရ အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပညာသင်ကြားသူ ဆရာ၊ ဆရာမ ၁၀ ဦးတိုင်းတွင် ၆ ဦးက AI ကိရိယာတွေကို အသုံးပြုနေပြီဖြစ်ကာ အပတ်စဉ် ပျမ်းမျှ အချိန် ၆ နာရီမျှ ချွေတာနိုင်ကြောင်း၊ သို့သော်လည်း တစ်ချိန်တည်းတွင် စိန်ခေါ်မှုအသစ်များ သယ်ဆောင်လာကြောင်း၊ ၎င်းမှာ AI က ပညာသင်ကြားမှုအတွက် အတားအဆီးမဖြစ်ဘဲ သင်ကြားမှုအရည်အသွေးမြှင့်တင်ပေးခြင်းအား မည်ကဲ့သို့ အာမခံမည်နည်းနှင့် ကျောင်းသား၊ ကျောင်းသူများက အချိန်နှင့်တစ်ပြေးညီ အဖြေရရှိနိုင်သည့် တစ်ချိန်တည်းတွင် ၎င်းတို့၏ဆုံးဖြတ်နိုင်မှုအတွေးအခေါ်အား မည်ကဲ့သို့ ပျိုးထောင်ပေးနိုင်မည်နည်းပင် ဖြစ်ကြောင်း သိရသည်။

“ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူကြားက တိုက်ရိုက်ဆက်သွယ်မှုကို နည်းပညာသစ်နဲ့ ဘယ်တော့မှ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုမျိုးဆက်သွယ်မှုကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို သင်ယူပြီး ယေဘုယျဗဟုသုတပုံစံ အတားအဆီးတွေထားရှိကာ ဆရာ၊ ဆရာမတွေကို ဦးတည်ချက်လားရာ ထိန်းချုပ်ခိုင်းမယ်ဆိုရင် သင်ကြားမှုနဲ့ လေ့လာသင်ယူမှုကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်” ဟု Randi Weingarten က ပြောကြားခဲ့သည်။ (Xinhua)

#US #Teacher #AI #အမေရိကန် #ဆရာ #ဉာဏ်ရည်တု
——————————————-
(Chinese Version)
美国设立首个面向全国教育工作者的AI教育学院
新华社洛杉矶7月8日电 美国教师联合会(AFT)8日宣布,将与微软、开放人工智能研究中心(OpenAI)和Anthropic三家公司联合,于今年秋季成立全国人工智能教育学院,为教师提供免费人工智能(AI)培训与课程。
新学院将优先为幼儿园到高中阶段任教的教师会员提供线上线下培训,目标是5年内培训40万名教师、惠及720多万名学生。培训内容将涵盖AI技术原理、安全伦理规范、教学设计方法等。
据媒体报道,三家公司将提供合计2300万美元的资助。微软作为主要合作伙伴将在5年内提供1250万美元的资助,OpenAI将提供800万美元的资金及价值200万美元的技术资源,Anthropic公司将在第一年捐款50万美元。
AFT是美国第二大教师工会,拥有180万名会员。AFT主席兰迪·温加滕表示,“人工智能前景广阔,但也面临巨大挑战——作为教育工作者,我们的职责是确保AI服务于学生和社会,而不是反过来。”
微软总裁布拉德·史密斯表示,必须确保教师们在AI开发和使用方面拥有强大发言权,“(与AFT的)合作伙伴关系不仅能帮助教师们学习如何更好地使用AI,还让他们有机会告诉科技公司,如何才能创造更好地为孩子们服务的AI。”
据美国民调机构盖洛普公司的一份最新调查,全美每10名教育工作者中就有6名已经在使用AI工具,每周平均节省6小时;但同时也带来了新的挑战:如何确保AI提升教学质量而不是阻碍教学,以及如何在学生可以即时获得答案的情况下培养其批判性思维。
“教师与学生之间的直接联系永远不会被新技术取代,但如果我们学会如何驾驭这种联系,设置常识性的护栏,并让教师掌控方向,那么教与学就能得到提升。”温加滕说。(完)
图说:2024年1月11日,人们在美国拉斯维加斯消费电子展上参观。新华社记者吴晓凌摄