Connect with us

North America

“သတင်းအတု” နှင့် စပ်လျဉ်း၍ “The Wall Street Journal” ကို တရားစွဲမည်ဟု ထရမ့် ဆို

အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၅ ရက်တွင် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းသည် ဂျက်ဖရီ အက်ပ်စတင်းအမှုနှင့် ဆက်စပ်မှုမရှိကြောင်း ဇူလိုင် ၁၇ ရက်က ထပ်မံငြင်းဆိုခဲ့ပြီး အမေရိကန် “The Wall Street Journal” ၏ “ထရမ့်မှ ဂျက်ဖရီ အက်ပ်စတင်းထံ ပေးစာ” သတင်းနှင့် စပ်လျဉ်း၍ ယင်းမှာ “သတင်းအတု” ဖြစ်ကြောင်း၊ ပေးစာမှာ အတုအယောင်ပြုလုပ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဤ “ရွံစရာကောင်း ညစ်ပတ်တဲ့ အသေးစားသတင်းစာဌာန” ကို တရားစွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ထရမ့်မှ ဂျက်ဖရီ အက်ပ်စတင်းထံ ပေးစာ” ဟူသည်မှာ လုံးဝအတုအယောင်သာဖြစ်ကြောင်း ၎င်းနှင့် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူတို့သည် “The Wall Street Journal” အယ်ဒီတာချုပ် Emma Tucker ကို တိုက်ရိုက် အသိပေးခဲ့သော်လည်း ယင်းနှင့် ပတ်သက်ပြီး Tucker က လုံးဝနားမထောင်ခဲ့ကြောင်း ထရမ့်က ဆိုရှယ်မီဒီယာတွင် စာအရှည်ရေးသား၍ ဖော်ပြခဲ့သည်။ “The Wall Street Journal” က ဤအတုအယောင်၊ အပုတ်ချ၊ အသရေဖျက်မှုမြောက်သည့်ဆောင်းပါးကို ဆက်လက်ထုတ်ဝေနေရာ သမ္မတ ထရမ့်က မကြာမီတွင် “Wall Street Journal”၊ News Corporation နှင့် Mr. (Rupert) Murdoch ကို တရားစွဲမည်ဟူ၍ ရေးသားဖော်ပြခဲ့သည်။
“The Wall Street Journal” သည် News Corporation လက်အောက်ရှိ သတင်းစာဖြစ်ပြီး အဆိုပါ Corporation ကို Mr. Rupert Murdoch က စီမံခန့်ခွဲခြင်းဖြစ်သည်။ ထရမ့်က ဤကိစ္စရပ်နှင့် ပတ်သက်ပြီး Tucker ကို တိုက်ရိုက် သတိပေးခဲ့ဖူးကြောင်း၊ “Murdoch က သူ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးမယ်လို့ အဲ့ဒီအချိန်တုန်းက ပြောခဲ့ပေမဲ့ သူ့မှာ လုပ်ပိုင်ခွင့်မရှိဘူးဆိုတာ ရှင်းပါတယ်” ဟူ၍ ၎င်းက ပို့စ်တွင် ရေးသားထားသည်။

“The Wall Street Journal” က ဤကဲ့သို့ “အသရေဖျက် မုသားစကား” များကို ဖြန့်ဝေခြင်းက ၎င်းသည် “ရွံစရာကောင်း ညစ်ပတ်တဲ့ အသေးစားသတင်းစာဌာန” ဖြစ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟုလည်း ထရမ့်က ဆိုခဲ့သည်။ အကယ်၍ ဂျက်ဖရီ အက်ပ်စတင်းနှင့် ၎င်း ပတ်သက်မှုရှိပါက ဒီမိုကရက်တစ်ပါတီဝင်များသည် သက်ဆိုင်ရာသက်သေအထောက်အထားများကို အစောကြီးကတည်းက ဖော်ထုတ်မည်ဖြစ်ကြောင်း၊ “ဒီအချက်အလက်တွေက မှတ်တမ်းတွေထဲမှာ ဖုန်တက်နေမှာမဟုတ်ဘူး” ၊ “ဒါက သတင်းအတုထဲက နောက်ထပ်တစ်ခုပဲ” ဟူ၍ ၎င်းက ပြောကြားခဲ့သည်။
၂၀၀၃ ခုနှစ် အက်ပ်စတင်း အသက် ၅၀ ပြည့်မွေးနေ့တွင် လက်ခံရရှိသော ဂုဏ်ပြုစာ တစ်စောင်တွင် ထရမ့်၏ လက်မှတ်ပါရှိကြောင်း “The Wall Street Journal” က သတင်းဖော်ပြခဲ့သည်။

အက်ပ်စတင်းသည် အမေရိကန် နိုင်ငံရေးနှင့် စီးပွားရေး နာမည်ကျော် အများအပြားနှင့် နီးကပ်စွာ အဆက်အသွယ်ရှိသောကြောင့် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် အကျဉ်းထောင်၌ ကွယ်လွန်ခဲ့ပြီး “မိမိကိုယ်ကို သတ်သေမှု” ဖြစ်သည်ဟု ချမှတ်ခဲ့သည်။ ထရမ့် လွန်ခဲ့သည့်နှစ် ရွေးကောက်ခံသမ္မတဖြစ်စဉ်ကာလတွင် အက်ပ်စတင်း၏ “ဖောက်သည်နာမည်စာရင်း” ၊ အက်ပ်စတင်း၏ ပြစ်မှုနှင့် ၎င်းသေဆုံးမှု နောက်ကွယ်က အဖြစ်မှန်ကို ဖော်ထုတ်မည်ဟု ကတိပေးခဲ့ဖူးသည်။ အမေရိကန် တရားစီရင်ရေးဌာနနှင့် FBI က ယခုလ ၇ ရက်တွင် ထုတ်ပြန်သော ပူးတွဲစာချွန်လွှာတွင် “ဖောက်သည်နာမည်စာရင်း” မရှိ၍ အက်ပ်စတင်းအမှုနှင့် ပတ်သက်သည့် နောက်ထပ်စာရွက်စာတမ်းများ ထုတ်ပြန်မည်မဟုတ်ကြောင်း အတည်ပြုခဲ့သည်။ ဤကောက်ချက်ချမှုသည် ထရမ့်အုပ်စုအတွင်း သံသယနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ထရမ့်သည် လတ်တလောတွင် ယင်းနှင့် ပတ်သက်၍ အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ (Xinhua)

…………………………………
(Chinese Version)
特朗普称将就“假新闻”起诉《华尔街日报》
新华社华盛顿7月17日电 美国总统特朗普17日再次否认他与爱泼斯坦案有关联,就美国《华尔街日报》“特朗普致爱泼斯坦信件”报道表示,这是“假新闻”,信件系伪造,他将起诉这家“令人作呕的肮脏小报”。
特朗普在社交媒体上发表长帖写道,他和白宫发言人曾直接告知《华尔街日报》主编埃玛·塔克,所谓“特朗普致爱泼斯坦信件”纯属伪造,但塔克对此充耳不闻。“《华尔街日报》仍坚持发表这篇虚假、恶意且构成诽谤的报道,特朗普总统即将对《华尔街日报》、新闻集团及(鲁伯特·)默多克先生提起诉讼。”
《华尔街日报》是新闻集团旗下报纸,该集团由鲁伯特·默多克掌管。特朗普在帖文中称,他也曾就此事直接警告默多克。“默多克先生当时称他会处理此事,但他显然无权这么做。”
特朗普还称,《华尔街日报》刊载此类“诽谤性谎言”,表明其已沦为“令人作呕的肮脏小报”。若爱泼斯坦案与他有关联,民主党人早就会曝光相关证据,“这些信息肯定不会尘封在档案里”,“这是假新闻的又一案例”。
《华尔街日报》报道称,2003年,爱泼斯坦50岁生日时,收到的贺信中有一封带有特朗普签名。
爱泼斯坦与大量美国政商名流交往密切,因涉嫌性犯罪被捕后,于2019年8月死于狱中,被判定为“自杀”。特朗普去年竞选总统时曾承诺公布爱泼斯坦“客户名单”,揭露爱泼斯坦罪行及其死亡背后的真相。美国司法部和联邦调查局本月7日发布联合备忘录,认定不存在“客户名单”且不会发布更多爱泼斯坦案相关文件。这一结论在特朗普阵营内部引发质疑和不满,特朗普近期已多次就此发声。(完)
图说:7月15日,美国总统特朗普在华盛顿白宫回答记者提问。新华社记者胡友松摄