Connect with us

International Organizations

ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းက အံ့ဩထိတ်လန့်ဖွယ်ရာ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ရောက်ရှိလာပြီးနောက် ပါလက်စတိုင်းသားများက ဂျုံအိတ်များ သယ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ သုံးပုံတစ်ပုံသည် အစာရေစာ မစားသုံးရသည်မှာ ရက်ပေါင်းအနည်းငယ် ကြာပြီဖြစ်ကြောင်း၊ ကလေးငယ်များ တစ်နေ့တစ်ခြား ပိန်လှီလာရာ ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းက အံ့ဩထိတ်လန့်ဖွယ်ရာဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ယူထားသည့် ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကူညီကယ်ဆယ်မှု ညှိနှိုင်းရေးမှူး Tom Fletcher က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအပေါ် ထောက်ပံ့အားပေးမှုကို တိုးချဲ့သွားမည်ဟု မကြာမီရက်ပိုင်းက အစ္စရေးဘက်က ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အပေါ် Tom Fletcher က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက စဉ်ဆက်မပြတ်၊ လျင်မြန်သောလှုပ်ရှားမှုနှင့် ပမာဏအများအပြား ကူညီပံ့ပိုးမှုများဖြင့် ဂါဇာကမ်းမြောင်ဒေသ ငတ်မွတ်ခေါင်းပါးမှုနှင့် ကပ်ဘေးအသွင် ကျန်းမာရေးအကျပ်အတည်းကို ရှောင်ရှားရန် လိုအပ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းဌာနများက အတတ်နိုင်ဆုံး ပိုမိုများပြားသည့် လူ့အသက်များကို ကယ်ဆယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းများအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူ ၅၉,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ကလေးသူငယ် ၁၈,၀၀၀ နီးပါး ပါဝင်ကြောင်း Tom Fletcher က ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို မုချမသွေ လေးစားရမည် ဖြစ်ကြောင်း၊ ကူညီထောက်ပံ့ရေးပစ္စည်းများကို တားဆီးခြင်း၊ ကြန့်ကြာစေခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ပြု၍မရကြောင်း၊ ဓားစာခံများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
“ကျွန်တော်တို့ နောက်ဆုံးလိုအပ်တာက ယာယီရပ်တန့်ရုံတင်မဟုတ်ပါဘူး၊ ထာဝရ အပစ်ရပ်ဖို့ လိုအပ်တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အစ္စရေး၏ ဆက်တိုက်စစ်ရေးလှုပ်ရှားမှုများကြောင့် ဂါဇာကမ်းမြောင်ဒေသအခြေအနေသည် အလွန်ဆိုးရွားလာသလို ဆက်လက်၍ ဆိုးရွားနေဆဲဖြစ်ကြောင်း၊ ယင်းဒေသ ငတ်မွတ်ခေါင်းပါးမှုအကျပ်အတည်း ပို၍ ပြင်းထန်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မကြာမီရက်ပိုင်းတွင် ပြောကြားခဲ့သည်။
အစ္စရေး ကာကွယ်ရေးတပ်က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ထိုနေ့မှစ၍ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ သတ်မှတ်နေရာများရှိ စစ်ရေးလှုပ်ရှားမှုများကို ယာယီရပ်တန့်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ကုလသမဂ္ဂနှင့် လူသားချင်းစာနာမှု အကူအညီအဖွဲ့အစည်းများ၏ ယာဉ်တန်းသွားလာမှု လုံခြုံရေး သေချာစေရန်၊ ဂါဇာကမ်းမြောင်ဒေသ ပြည်သူလူထုထံသို့ စားစရာနှင့် ဆေးဝါးများ ပို့ဆောင်ဝေငှနိုင်ရန် ဇူလိုင် ၂၇ ရက်မှစ၍ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ သတ်မှတ်ထားသည့် “လုံခြုံရေးလမ်းကြောင်း” အသက်ဝင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ရောက်ရှိလာပြီးနောက် ပါလက်စတိုင်းသားများက ဂျုံအိတ်များ သယ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ရောက်ရှိလာပြီးနောက် ပါလက်စတိုင်းသားများက ဂျုံအိတ်များ သယ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
联合国副秘书长:加沙地带人道主义危机令人震惊
新华社联合国7月27日电(记者潘云召)联合国负责人道主义事务的副秘书长兼紧急救援协调员汤姆·弗莱彻27日发表声明说,加沙地带三分之一的人口已经数日没有进食,孩子们日渐消瘦,加沙地带人道主义危机令人震惊。
以色列方面日前决定对扩大援助加沙地带予以支持,弗莱彻对此表示欢迎。他同时表示,需要持续、快速的行动以及大量援助来避免加沙地带饥荒和灾难性的健康危机。联合国机构和人道主义机构将尽其所能挽救尽可能多的生命。
弗莱彻说,据报道,自2023年10月7日以来,加沙地带已有超过5.9万人死亡,其中包括近1.8万名儿童。他强调,国际人道主义法必须得到尊重,援助物资不得被阻断、拖延或遭袭,人质必须立即得到无条件释放,“我们最终需要的不仅仅是暂停,我们需要永久停火”。
联合国人道主义事务协调厅日前表示,由于以色列持续的军事行动,加沙地带状况十分恶劣且仍在继续恶化,当地饥荒危机加剧。以色列国防军27日发表声明说,即日起每天10时至20时,以军暂停在加沙地带指定地区的军事活动,同时27日起每天6时至23时,指定“安全路线”将生效,以确保联合国和人道主义援助组织的车队安全通行,向加沙地带民众运送和分发食品和药品。(完)
1. (250728) — BEIT LAHIA, July 28, 2025 (Xinhua) — Palestinians carry bags of flour after the humanitarian aid entered Gaza through a border crossing, in Beit Lahia, northern Gaza Strip, on July 27, 2025.