Asia
အိန္ဒိယနိုင်ငံက အမေရိကန်သို့ စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများအား ဩဂုတ် ၂၅ ရက်မှစ၍ ယာယီဆိုင်းငံ့ထားမည်

နယူးဒေလီ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)
ယခု သြဂုတ်လနှောင်းပိုင်းတွင် ပြောင်းလဲပြင်ဆင်ထားသော အမေရိကန်နိုင်ငံ၏ အကောက်ခွန် စည်းမျဉ်းစည်းကမ်းများ စတင်အသက်ဝင်လာတော့မည်ဖြစ်သောကြောင့် အမေရိကန်နိုင်ငံနှင့် ဆက်သွယ်ဆောင်ရွက်နေသော စာတိုက်ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို ဩဂုတ် ၂၅ ရက်မှစ၍ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စာတိုက် ဌာနကြေညာချက်အရ သိရသည်။
အမေရိကန် ဒေါ်လာ ၈၀၀ အထိတန်ဖိုးရှိသော ကုန်စည်များနှင့်ပတ်သက်၍ တန်ဖိုးနည်းကုန်စည်များ အကောက်ခွန် ကင်းလွတ်ခွင့်ပေးထားမှုအား ပြန်လည်ရုပ်သိမ်းသည့်အမိန့်ကို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အစိုးရအမိန့်ကြေညာချက်အရ နိုင်ငံတကာစာပို့ကွန်ရက်မှတစ်ဆင့် ပို့ဆောင်သည့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ သို့မဟုတ် အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန(CBP) မှ ခွင့်ပြုချက် ရရှိထားသော အခြား သတ်မှတ်ချက်ပြည့်မီသည့် အဖွဲ့အစည်းများသည် စာတိုက်မှတဆင့် ပို့ဆောင်သည့် ကုန်ပစ္စည်းများအားအပေါ် အခွန်များ ကောက်ခံပေးသွင်းရန် လိုအပ်မည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
CBP က လမ်းညွှန်ချက်အချို့ကို ဩဂုတ် ၁၅ ရက်ကတည်းက ထုတ်ပြန်ထားပြီးဖြစ်သော်လည်း သတ်မှတ်ချက်ပြည့်မီသော အဖွဲ့အစည်းများ ရွေးချယ်သတ်မှတ်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် ကင်းလွတ်ခွင့်ပြုခြင်းကဲ့သို့ အရေးကြီးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အကျိုးဆက်အားဖြင့် လုပ်ငန်းလည်ပတ်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်မှုများကြောင့် အမေရိကန်နိုင်ငံသို့ လေယာဉ်ဖြင့် ကုန်ပစ္စည်းပို့ဆောင်ပေးနေသည့် ကုမ္ပဏီများအနေဖြင့် ဩဂုတ် ၂၅ ရက်မှစ၍ စာတိုက်စနစ်အား အသုံးပြု၍ ပို့ဆောင်သော ကုန်ပစ္စည်းများအား လက်ခံနိုင်စွမ်း မရှိကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အထက်ပါအကြောင်းအရာများကြောင့် အမေရိကန်ဒေါ်လာ ၁၀၀ အထိတန်ဖိုးရှိသော စာရွက်စာတမ်းနှင့် လက်ဆောင်ပစ္စည်းများမှလွဲ၍ ဩဂုတ် ၂၅ ရက်မှ စတင်၍ အမေရိကန်နိုင်ငံသို့ ပို့ဆောင်မည့် စာတိုက်စနစ်ဖြင့် ပေးပို့မည့် ပစ္စည်းအမျိုးအစားကို လက်ခံဆောင်ရွက်ခြင်းအား ယာယီဆိုင်းငံ့ရန် အိန္ဒိယစာတိုက်ဌာနက ဆုံးဖြတ်ခဲ့သည်။ ကင်းလွတ်ခွင့်ရထားသည့် ကုန်စည်အမျိုးအစားများကိုမူ အမေရိကန်နိင်ငံဘက်မှ မူဝါဒများ ထပ်မံ မပြောင်းလဲသရွေ့ လက်ခံပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)
……………………..
(English Version)
India to suspend postal services to U.S. from Aug. 25
NEW DELHI, Aug. 23 (Xinhua) — India’s postal department Saturday announced a temporary suspension of all postal services to the United States from Aug. 25, citing changes in U.S. customs rules that will come into effect later this month.
The decision follows an executive order that withdraws the duty-free de minimis exemption for goods valued up to 800 U.S. dollars.
The ministry said as per the executive order, transport carriers delivering shipments through the international postal network, or other “qualified parties” approved by the U.S. Customs and Border Protection (CBP), are required to collect and remit duties on postal shipments.
While the CBP issued certain guidelines on Aug. 15, several critical processes relating to the designation of “qualified parties” and mechanisms for duty collection and remittance remain undefined. Consequently, U.S.-bound air carriers have expressed their inability to accept postal consignments after Aug. 25, citing a lack of operational and technical readiness, the ministry said.
In view of the above, the Indian postal department has decided to temporarily suspend booking of all types of postal articles, destined for the United States with effect from Aug. 25, except letters/documents and gift items up to 100 U.S. dollars in value. These exempt categories will continue to be accepted and conveyed, subject to further clarifications from the U.S. side, the ministry said.
Photo:
This photo taken on Aug. 19, 2025 shows a National Guard vehicle parked in front of Union Station in Washington, D.C., the United States. (Xinhua/Hu Yousong)