Connect with us

Asia

အထူးကုဆရာဝန်ကြီးများ အရေးတကြီး လိုအပ်နေကြောင်း အင်ဒိုနီးရှား သမ္မတ အလေးပေး ပြောကြား

အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်းပြည်နယ် တန်ဂျီရန်တောင်ပိုင်းရှိ Ciater ပြည်သူ့ကျန်းမာရေးစင်တာ၌ ပြုလုပ်ခဲ့သည့် အခမဲ့ကျန်းမာရေးစစ်ဆေးမှုအစီအစဥ်၏ ပထမဆုံးရက်တွင် ကျန်းမာရေးစစ်ဆေးမှု ခံယူ နေသည့်အမျိုးသမီးတစ်ဦးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျကာတာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံတွင် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုလိုအပ်ချက်များပြည့်မီရေးအတွက် အထူးကုဆရာဝန်ကြီး အနည်းဆုံး ၇၀,၀၀၀ ခန့် ရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။
မြို့တော်ဂျကာတာအရှေ့ဘက်ရှိ ဗဟိုအမျိုးသားဦးနှောက်စင်တာဆေးရုံ၏ အာရုံကြောသိပ္ပံဆေးပညာဌာနနှင့် ပေါင်းစပ်ဝန်ဆောင်မှု အဆောက်အအုံဖွင့်ပွဲအခမ်းအနားတွင် အင်ဒိုနီးရှားသမ္မတက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆေးရုံများဖွံ့ဖြိုးတိုးတက်မှု၊ ဆေးပညာဌာနအသစ်များ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ပိုမိုမြန်ဆန်စွာလေ့ကျင့်ပေးမှုများမှတစ်ဆင့် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုတိုးတက်လာစေရန် အင်ဒိုနီးရှားအစိုးရက အလေးအနက်ထားကြောင်း ပရာဘိုဝိုက ပြောကြားခဲ့သည်။
“အင်ဒိုနီးရှားနိုင်ငံမှာ အထူးကုဆရာဝန်ကြီး ၇၀,၀၀၀ လိုအပ်နေတယ်ဆိုတဲ့ အစီရင်ခံစာကို ကျွန်တော် လက်ခံရရှိထားပါတယ်။ ကျွန်တော်တို့ လေ့ကျင့်မွေးထုတ်ပေးနိုင်တာက တစ်နှစ်ကို အထွေထွေ ရောဂါကု ဆရာဝန် ၁၂,၀၀၀ နဲ့ အထူးကုဆရာဝန် ၂,၇၀၀ ပဲရှိပါတယ်” ဟု သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ပြောကြားခဲ့သလို အဆိုပါနှုန်းဖြင့် လိုအပ်ချက်များပြည့်မီရန် ၃၅ နှစ်ခန့် အချိန်ယူရလိမ့်မည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။
အလားတူ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပုံမှန်လုပ်ရိုးလုပ်စဥ်များအတိုင်း အောင်မြင်မှုရရှိမည်မဟုတ်ဘဲ ခိုင်မာသည့်ခြေလှမ်းများ စတင်ရန်လိုအပ်နေကြောင်းလည်း ပရာဘိုဝိုဆူဘီယန်တိုက အထူးပြုပြော ကြားခဲ့သည်။
“ကျွန်တော့်ရဲ့ရည်မှန်းချက်ကတော့ အထွေထွေရောဂါကုဆရာဝန် ၁၄၀,၀၀၀ နဲ့ အထူးကုဆရာဝန် ၇၀,၀၀၀ ကို မွေးထုတ်ပေးနိုင်မယ့် ဆေးဘက်ဆိုင်ရာဌာနအသစ် ၃၀ ရှိလာဖို့ပါပဲ။ ဒီလိုမှမဟုတ်ရင် အင်ဒိုနီးရှားက ၃၅ နှစ်လောက် ခေတ်နောက်ကျနေပါလိမ့်မယ်” ဟုလည်း ပရာဘိုဝိုဆူဘီယန်တိုက ပြောကြားသည်။
အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ ပြောကြားမှုအရ အင်ဒိုနီးရှားအစိုးရသည် ၄ နှစ်တာကာလ အတွင်း အဆင့်မြင့်ဆေးရုံပေါင်း ၅၀၀ ဆောက်လုပ်နိုင်ရန်စီစဥ်ထားကြောင်း၊ ဆေးဘက်ဆိုင်ရာဌာနခွဲ ၅၇ ခု၌ အထူးကုဆရာဝန်ကြီးများနှင့် တွဲဖက်အထူးကုဆရာဝန်ကြီးနယ်ပယ်များအပါအဝင် သင်ကြားမှု အစီအစဥ်သစ် ၁၄၈ မျိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Indonesian president highlights urgent shortage of specialist doctors
JAKARTA, Aug. 27 (Xinhua) — Indonesian President Prabowo Subianto said Tuesday that the country faces a shortage of at least 70,000 specialist doctors to meet the needs of its health services.
Speaking at the inauguration of the Integrated Services Building and the National Neuroscience Institute of the National Brain Center Hospital in East Jakarta, Prabowo stressed the government’s commitment to improving national healthcare through hospital development, new medical faculties, and faster training of medical personnel.
“I have received a report that we are short of 70,000 specialist doctors. We can only produce 12,000 general practitioners and 2,700 specialists per year,” Prabowo said, adding that at this rate it would take up to 35 years to close the gap.
He emphasized the need for “concrete steps,” saying Indonesia could not achieve prosperity with “business as usual.”
“My target is to have 30 new medical faculties to meet the 70,000 specialists, and the shortage of general practitioners is 140,000. If not, we’ll have to wait 35 years,” he said.
According to him, the Indonesian government plans to build 500 high-quality hospitals within four years and open 148 new study programs in 57 medical faculties, including specialist and sub-specialist fields.
Photo
A woman undergoes a health screening on the first day of the Free Health Check (CKG) program at Ciater Community Health Center in South Tangerang, Banten Province, Indonesia, Feb. 10, 2025. (Xinhua/Agung Kuncahya B.)