Connect with us

Africa & Middle East

တူကီယဲ “သံမဏိ အမိုးခုံး” တာလတ်လေကြောင်းရန် ကာကွယ်ရေးစနစ် စစ်တပ်ထံ လွှဲပြောင်းပေးအပ်

တူကီယဲနိုင်ငံ မြို့တော် အန်ကာရာ မြို့ပြင်၌ ကျင်းပသော တူကီယဲ “သံမဏိ အမိုးခုံး” တာလတ်လေကြောင်းရန် ကာကွယ်ရေးစနစ် အပြည့်အစုံ အဆက်လိုက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်လာသော တူကီယဲသမ္မတ အာဒိုဂန်အား ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ ကိုယ်ပိုင်တီထွင်ထားသော “သံမဏိ အမိုးခုံး (Steel Dome)” အလွှာစုံ လေကြောင်းကာကွယ်ရေးစနစ်၏ တာလတ်အကွာအဝေး လေကြောင်းရန် ကာကွယ်ရေးစနစ် အပြည့်အစုံ အတွဲလိုက်ကို ဩဂုတ် ၂၇ ရက်တွင် တူကီယဲစစ်တပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က အဆိုပါ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါ လေကြောင်းရန် ကာကွယ်ရေး အပြည့်အစုံ အတွဲလိုက်၏ စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ သန်း ၄၆၀ ရှိပြီး ဒုံးပစ်လောင်ချာတင်ယာဉ်၊ ရေဒါယာဉ်၊ ကွပ်ကဲထိန်းချုပ်ရေးယာဉ်နှင့် ဓာတ်အားပေးယာဉ် စသည်တို့အပါအဝင် ရွေ့လျားယာဉ် ၄၇ စီးဖြင့် ဖွဲ့စည်းထားကြောင်း Anadolu Ajansı သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

တူကီယဲနိုင်ငံ မြို့တော် အန်ကာရာ မြို့ပြင်၌ ကျင်းပသော တူကီယဲ “သံမဏိ အမိုးခုံး” တာလတ်လေကြောင်းရန် ကာကွယ်ရေးစနစ် အပြည့်အစုံ အဆက်လိုက် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ ရွေ့လျားယာဉ်များအား ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(Chinese Version)
土耳其“钢穹”中程防空系统交付军方
新华社照片,安卡拉,2025年8月28日
土耳其自主研发的“钢穹”多层防空系统中的中程防空系统全套套件27日交付土军方。土耳其总统埃尔多安出席交付仪式。据阿纳多卢通讯社报道,全套装备总价4.6亿美元,由47辆机动载具车组成,涵盖导弹发射车、雷达车、指挥控制车、电源车等。
图说1:8月27日,土耳其总统埃尔多安出席在首都安卡拉郊外举行的土耳其“钢穹”中程防空系统全套套件交付仪式。新华社发(穆斯塔法·卡亚摄)
图说2:这是8月27日在土耳其首都安卡拉郊外举行的土耳其“钢穹”中程防空系统全套套件交付仪式上拍摄的机动载具车。 新华社发(穆斯塔法·卡亚摄)