Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး တို့က ဗီယက်နမ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး နှင့် ဗီယက်နမ် နိုင်ငံ သမ္မတတို့မှ ကျင်းပ ပြုလုပ်ခဲ့သည် ညစာစားပွဲသို့ တက်ရောက်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီယက်နမ် နိုင်ငံ ဟနွိုင်း အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ခန်းမတွင် ကျင်းပ ခဲ့သည့် ညစာစားပွဲတွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ဟနွိုင်း ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် သည် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng နှင့် ဗီယက်နမ် နိုင်ငံ သမ္မတ Trương Tấn Sang တို့က နိုဝင်ဘာလ ၅ ရက်တွင် ဟနွိုင်း အပြည်ပြည်ဆိုင်ရာ အစည်းအဝေး ခန်းမတွင် ကျင်းပ ခဲ့သည့် ညစာစားပွဲအား တက်ရောက်ခဲ့ကြသည်။

ညစာစားပွဲအား ဒေသ စံတော်ချိန် ည ၇ နာရီခွဲတွင် စတင်ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗီယက်နမ် နိုင်ငံ ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng တို့က ညစာစားပွဲ၌ မိန့်ခွန်းပြောကြား ခဲ့ကြသည်။

Nguyễn Phú Trọng က မိန့်ခွန်း ပြောကြားရာတွင် ဗီယက်နမ်-တရုတ် နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် အဆက်မပြတ် တိုးတက်မှုများ ရရှိခဲ့ပြီး ကျွန်တော့ အနေဖြင့် သမ္မတ ရှီကျင့်ဖိန် ယခု အကြိမ် လာရောက်လည်ပတ်မှု မှ တစ်ဆင့် ပိုမို များပြားသည့် အောင်မြင်မှုများ ရရှိနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ညစာ စားပွဲသို့ တက်ရောက်လာသော နှစ်နိုင်ငံ ခေါင်းဆောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန်က ကျွန်တော့ အနေဖြင့် ဗီယက်နမ် နိုင်ငံ ပြည်သူများ၏ တရုတ် နိုင်ငံ ပြည်သူများအပေါ် ထားရှိသည့် ချစ်ကြည်စွာ ဆက်ဆံရေးအား ခံစား သိရှိခဲ့ရကြောင်း ၊ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ ခေါင်းဆောင်များမှ အတူတကွ ချစ်ကြည် ပူးပေါင်း မိတ်ဆွေ ဆက်ဆံရေးအား တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ညစာစားပွဲသို့ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ အရာရှိများစွာ တက်ရောက် ခဲ့ကြပြီး ခမ်းနား စည်ကား အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117